Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ (နိုဝင်ဘာ (၂၅) ရက် မှ ဒီဇင်ဘာ (၃) ရက်အတွင်း)

3-11-2020-yyl-026.jpg

ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။

အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ သန်လျင် နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ် ကာလ အခြေခံလူတန်းစားများကို အိမ်တိုင်ရာရောက် စားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အနေနဲ့ နိုဝင်ဘာ (၃၀) ရက်နေ့ အထိ အိမ်ထောင်စုပေါင်း (၂၀၀၀၀) ကို လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။LikeComment

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက မိသားစု (၂၀၀) အတွက် အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၂၈) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

နိုဝင်ဘာ (၂၇) ရက်နေ့က အာဟာရဒါန ထမင်းဗူးများ သွားရောက်လှူဒါန်းခဲ့ပါတယ်။

သန်လျင်မြို့နယ်အတွင်းက မိသားစု (၃၀၀) အတွက် အခြေခံစားသောက်ကုန်တွေကို နွမ်းပါးပြည်သူများအားကူညီရေးအဖွဲ့ ကိုယ်စား နိုဝင်ဘာ (၂၅) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

Photos- Clean Yangon
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top