TikTok မှ World Mental Health Day ကို ဂုဏ်ပြုတဲ့အနေနဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုဘေးကင်းလုံခြုံပြီး အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်အလေ့အထတွေကို မြှင့်တင်ဆောင်ရွက်

19.10.23-yyl-16.jpg

TikTok မှ World Mental Health Day မှာ ဘေးကင်းလုံခြုံပြီး ပံ့ပိုးကူညီမှုရှိတဲ့ ဒစ်ဂျစ်တယ်လူမှုအသိုက်အဝန်းကို အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်အလေ့အထတွေကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ပါတယ်။ TikTok အနေနဲ့ လူတိုင်းကိုယ်ပိုင်အကြောင်းအရာတွေကို မျှဝေဖို့၊ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ဖို့၊ လူမှုအသိုင်းအဝိုင်းပံ့ပိုးမှုက တစ်ဆင့် စိတ်အားလှုံ့ဆော်မှုတွေ ရှာဖွေတွေ့ရှိနိုင်ဖို့ မြှင့်တင်ပေးမဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Mental Health Day နဲ့အညီ မြန်မာ TikTok လူမှုအသိုင်းအဝိုင်းဟာ အွန်လိုင်းဘေးကင်းလုံခြုံမှုကို ဦးစားပေးပြီး နိုင်ငံတကာက ဗီဒီယိုအကြောင်းအရာတွေကို Follow လုပ်တာ၊ ဗီဒီယိုများရိုက်ကူးတာအပြင် တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ရကြောင်း TikTok က သတိပြုမိပါတယ်။ ဒါကြောင့် ဒီစိန်ခေါ်မှုတွေအတွက် တာဝန်ယူမှုရှိတဲ့ ဒစ်ဂျစ်တယ်အလေ့အထတွေကို မွေးမြူရာမှာ အဓိက အခန်းကဏ္ဍအနေနဲ့ပါဝင်နေတဲ့ လုပ်ဆောင်ချက် ၂ ခုကို ဖန်တီးလုပ်ဆောင်ထားပါတယ်။

တာဝန်ယူမှုရှိသော ကြည့်ရှုချိန် စီမံခန့်ခွဲခြင်း

TikTok အနေနဲ့ အထူးသဖြင့် အွန်လိုင်းကို အချိန်ကြာကြာ ပိုသုံးစွဲတတ်တဲ့ မြန်မာလူမှုအသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ် အလေ့အထတွေကို ပျိုးထောင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ TikTok အသုံးပြုသူတွေအနေနဲ့ ရိုးရှင်းတဲ့ လုပ်ဆောင်ချက် အနည်းငယ်ကတစ်ဆင့် နေ့စဥ်ကြည့်ရှုချိန် အသုံးပြုမှုကို မိနစ် ၄၀ ၊၆၀ ၊၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ အထိ သတ်မှတ်ပြီး အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ မိမိစိတ်တိုင်းကျ အချိန်ရွေးချယ်သတ်မှတ်ပြီးတဲ့အခါ ဒီလုပ်ဆောင်ချက်က အသုံးပြုသူတွေကို ရွေးချယ်ထားတဲ့ အချိန်ကန့်သတ်ချက်အတိုင်း တာဝန်ယူမှုရှိရှိ သုံးစွဲနိုင်ဖို့ ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Digital Literacy Hub

TikTok အနေနဲ့ မြန်မာ TikTok လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံတဲ့ အွန်လိုင်းအသုံးပြုမှုအတွက် တန်ဖိုးရှိတဲ့ အသိပညာနဲ့ Tool တွေ အသုံးပြုပြီး မြှင့်တင်ပေးဖို့ ဖန်တီးထားတဲ့ Digital Literacy Hub ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Digital Literacy Hub မှာ တာဝန်ယူမှုရှိတဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှုအတွက် လိုအပ်တဲ့ အွန်လိုင်းဘေးကင်းလုံခြုံရေး၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အသုံးပြုမှုကျင့်ဝတ်၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ အခြားသိသင့်သိထိုက်တဲ့ အချက်အလက်တွေကို နားလည်လွယ်အောင် ဖော်ပြထားပါတယ်။

Digital Literacy Hub ကို ဘယ်လိုဝင်ရောက် အသုံးပြုမလဲ။

အသုံးပြုသူတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ၊ ဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်တွေ၊ Tool တွေနဲ့ စိတ်အားလှုံ့ဆော်ပေးမဲ့ မိမိကိုယ်ကို ဂရုစိုက်မှုဆိုင်ရာ အကြောင်းအရာအပါအဝင် ဗီဒီယိုအကြောင်းအရာ ဖန်တီးသူတွေဆီက အရင်းအမြစ်များစွာ ရယူခံစားနိုင်ဖို့အတွက် Digital Literacy Hub Myanmar Website ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒီ Website က တစ်ဆင့် ဒစ်ဂျစ်တယ် တတ်မြောက်မှုဆိုင်ရာ အကျိုးရှိမဲ့ အချက်အလက်ဆိုင်ရာ ဆောင်းပါးတွေ၊ ဗီဒီယိုတွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်မဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို စူးစမ်းလေ့လာနိုင်မှာဖြစ်ပါတယ်။

ယခုနှစ် ကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့နဲ့အညီ TikTok လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်တွေရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာအတွေ့အကြုံတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် TikTok မှ ထပ်မံကတိပြုအပ်ပါတယ်။ ဒါအပြင် တာဝန်ယူမှုရှိတဲ့ ကြည့်ရှုချိန် စီမံခန့်ခွဲမှုကို ကောင်းမွန်ပိုင်နိုင်စွာ အသုံးပြုပြီး အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်အလေ့အထတွေကို ပြုစုပျိုးထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ ပိုမိုကျန်းမာတဲ့ အွန်လိုင်းဂေဟစနစ်တစ်ခုကို ပံ့ပိုးတည်ဆောက်သွားဖို့ TikTok က ဆက်လက်ကြိုးပမ်းလျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top