“TikTok မှ လူမှုအသိုင်းအဝိုင်း ဘေးကင်းလုံခြုံမှုကို အားပေးမြှင့်တင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေးနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ဆက်လက်အားပေးမြှင့်တင်လျက်ရှိ”

4.5.24-yyl-9.jpg

TikTok သည် မြန်မာနိုင်ငံရှိ အသုံးပြုသူများကြားတွင် အရှိန်အဟုန်ဖြင့် အသုံးပြုမှု မြင့်တက်လာလျက်ရှိကာ တီထွင်ဖန်တီးနိုင်စွမ်း နှင့် မိမိစွမ်းရည်ဆိုင်ရာ ထုတ်ဖော်ပြသမှုတို့ အတွက် အရေးပါသည့် ထိပ်တန်း ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ TikTok အနေဖြင့် အဆိုပါ အသုံးပြုသူဦးရေ နှင့် TikTok ပလက်ဖောင်းတွင် ရိုက်ကူးတင်ဆက်သည့် ဗီဒီယို အကြောင်းအရာများ ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ TikTok လူမှုအသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ဒစ်ဂျစ်တယ်ကျန်းမာရေးကို အရှိန်အဟုန်ဖြင့် အားပေးမြှင့်တင်လျက်ရှိပါသည်။

ဒစ်ဂျစ်တယ်ကျန်းမာရေးကို အဓိက အားပေးမြှင့်တင်ရာတွင် အွန်လိုင်းပေါ်၌ အမုန်းစကားပြောဆို အနိုင်ကျင့်ခြင်းနှင့် မိဘများအနေဖြင့် ဆယ်ကျော်သက် လူငယ်များ အွန်လိုင်းအသုံးပြုမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ ပါဝင်လျက်ရှိသည်။

ယခုအခါ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ဆယ်ကျော်သက်ဦးရေ ထက်ဝက်ကျော်တစ်ဦးချင်းစီအနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြုလျက်ရှိပြီး အသက် ၅ နှစ်မှ ၁၆ နှစ်ကြား လူငယ်များမှ သူငယ်ချင်းများနှင့် မက်ဆေ့ချ်စာတိုပေးပို့ခြင်း၊ ဂိမ်းဆော့ခြင်းကဲ့သို့သော အသုံးပြုမှုအပြင် အင်တာနက် အသုံးပြုချိန်များမှာ တစ်နေ့လျှင် အချိန် စုစုပေါင်း ၃ နာရီထက် ပိုမိုကျော်လွန်လျက်ရှိသည်ကို တွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် TikTok အနေဖြင့် ကျွမ်းကျင်သူများနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာပေးမြှင့်တင်ခြင်း၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဥ်များကို အကောင်အထည်ဖော်ခြင်းဖြင့် အသုံးပြုသူများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော အွန်လိုင်းပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးရန် ကြိုးပမ်းလျက်ရှိကာ မိဘများနှင့် ဆယ်ကျော်သက်လူငယ်များကို ဆက်လက်ပံ့ပိုး ကူညီပေးလျက်ရှိပါသည်။

TikTok ၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံရှိ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်အရွယ် လူငယ်များ၏ မိဘဦးရေ ၂,၀၀၀ ကျော်ကို အွန်လိုင်းဘေးကင်းလုံခြုံရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုနှင့် ပတ်သက်၍ မေးမြန်းလေ့လာရာတွင် ၎င်းမိဘများအနေဖြင့် အဆိုပါ အကြောင်းအရာများကို ကြိုတင်ကိုင်တွယ်ဖြေရှင်းခြင်းထက် ပြန်လည်တုံ့ပြန်ကိုင်တွယ်မှု နောက်ကျလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ မိဘဦးရေ ထက်ဝက်ကျော် ၆၁% (ရာခိုင်နှုန်း) အနေဖြင့် ၎င်းတို၏ ဆယ်ကျော်သက်အရွယ် လူငယ်များ ပြသနာကြုံတွေ့ရသည့်အချိန်မှသာ အွန်လိုင်း ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ကာ ဆွေးနွေးလေ့ရှိပြီး အလားတူ ၅၈% (ရာခိုင်နှုန်း)သော မိဘများသည် ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ သို့မဟုတ် အပြုအမူများ ပိုမိုဆိုးရွားလာသည်ကို သတိပြုမိသည့်အချိန်မှသာ ဆွေးနွေးတတ်ကြသည်ကို တွေ့ရှိရလျက်ရှိသည်။

၉၄% (ရာခိုင်နှုန်း)သော မိဘအများစုအနေဖြင့် ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် လူငယ်များနှင့် ဆိုရှယ်မီဒီယာအသုံးပြုမှုအကြောင်း ပြောဆိုဆွေးနွေးတတ်ကြသော်လည်း ၎င်းတို့အထဲမှ ၃ပုံ၁ပုံခန့်ဖြစ်သည့် ၃၃% (ရာခိုင်နှုန်း)သော မိဘများကသာ ဆိုရှယ်မီဒီယာအသုံးပြုမှုနှင့် စပ်လျဥ်းပြီး အပတ်စဉ် ဆွေးနွေးပြောဆိုလေ့ရှိကြသည်။

TikTok မှ ဘေးကင်းလုံခြုံသော အွန်လိုင်း လူမှုအသိုင်းအဝိုင်းတစ်ရပ်၏ အရေးပါမှုကို နားလည်တန်ဖိုးထားသည့်အလျောက် ငယ်ရွယ်သူများအတွက် ဘေးကင်းလုံခြုံမှု၊ ပလက်ဖောင်းအသုံးပြုမှုဆိုင်ရာ ဘေးကင်းလုံခြုံမှု၊ ဒစ်ဂျစ်တယ်ကျန်းမာရေးနှင့် ဒစ်ဂျစ်တယ် အသိပညာစင်တာ (Digital Literacy Hub) တို့မှတစ်ဆင့် အားလုံး ပါဝင်ပြီး ချိတ်ဆက်မြှင့်တင် ပံ့ပိုးပေးနိုင်မည့် အစီအစဥ်များကို စတင်လုပ်ဆောင်ခဲ့ပြီဖြစ်သည်။

ငယ်ရွယ်သူများအတွက် ဘေးကင်းလုံခြုံမှု

TikTok မှ ငယ်ရွယ်သည့် အသုံးပြုသူများအနေဖြင့် လွတ်လပ်စွာ တီထွင်ဖန်တီး ထုတ်ဖော်ပြောဆိုနိုင်ရန်၊ အခြားအသုံးပြုသူများနှင့် ဆက်သွယ်ရန်လိုအပ်သည့် ဘေးကင်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် တာဝန်ရှိကြောင်း အသိအမှတ်ပြုပါသည်။ ထို့အပြင် ငယ်ရွယ်သော အသုံးပြုသူများအတွက် အသုံးပြုမှုဆိုင်ရာ အတွေ့အကြုံကောင်းများ ရရှိစေရန် ဦးစားပေး လုပ်ဆောင်သည့်အနေဖြင့် မိဘ၊အုပ်ထိန်းသူများနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအကြား ပွင့်လင်းမြင်သာသော ဆက်သွယ်ပြောဆိုမှု ဖန်တီးပေးမည့် Family Pairing နှင့် Screen Time Management ကဲ့သို့သော လုပ်ဆောင်ချက်များကို မိတ်ဆက်ပေးထားပြီဖြစ်သည်။

ထို့အပြင် လူငယ်များမှ အဓိက ဦးဆောင်သည့် လူငယ်ကောင်စီ ကဲ့သို့သော အစီအစဥ်များသည် ဆယ်ကျော်သက်အရွယ် လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ကာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရာတွင် ၎င်းတို့၏ သဘောထားများကို ပါဝင်ထည့်သွင်းခွင့်ရရှိစေသည့်အပြင် ကျွန်ုပ်တို့၏ ပလက်ဖောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း ထင်ဟပ်လျက်ရှိသည်။ ဆယ်ကျော်သက်အရွယ် လူငယ်များ၏ အတွေ့အကြုံများနှင့် ခံစားချက်များကို ကိုယ်စားပြုစေသည့်အနေဖြင့် ၎င်းတို့၏ အကြံပေးမှု၊ သဘောထားများကို အရေးတယူနားထောင်ခြင်းသည် အဆိုပါ လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ဘေးကင်းလုံခြုံသော လူမှုအသိုင်းအဝိုင်းတစ်ခု ဖန်တီးနိုင်စေရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ခုပင်ဖြစ်သည်။

ပလက်ဖောင်းအသုံးပြုမှုဆိုင်ရာ ဘေးကင်းလုံခြုံမှု

TikTok သည် ပလက်ဖောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးကို ရှေးရှုသည့်အနေဖြင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့အစည်းများ၊ ကမ္ဘာတစ်ဝှမ်းရှိ သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းဖြင့် သတင်းမှားများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့၏ Machine Learning နှင့် အကြောင်းအရာ သုံးသပ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သော အကြောင်းအရာ စိစစ်ရေးစနစ်မှတစ်ဆင့် ဗီဒီယို အကြောင်းအရာဆိုင်ရာ စည်းမျဥ်းချိုးဖောက်မှုများ အပေါ် လျင်မြန်ထိရောက်စွာ အရေးယူမှုများ၊ အသုံးပြုသူများ အားလုံးအတွက် ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရသော ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက် ထိန်းသိမ်းသွားနိုင်ရန် ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိသည်။ ထိုကဲ့သို့သော ပံ့ပိုးမှုများဖြင့် TikTok ပလက်ဖောင်း ပေါ်ရှိ အကြောင်းအရာများကို ဘေးကင်းလုံခြုံစေရန် ၂၄ နာရီ ၊ ၇ ရက်ပတ်လုံး သေချာစိစစ် အရေးယူသွားမည်ဖြစ်သည်။

TikTok သည် မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့် ဗီဒီယိုအကြောင်းအရာများကို အရေးယူဆောင်ရွက်ရာတွင် ၂၄ နာရီအတွင်း ဗီဒီယိုဖယ်ရှားမှုနှုန်း ၁.၈၆၅ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကြိုတင်ကြည့်ရှုမှုနှုန်း ၁.၅၉ ကိုလဲ ဖယ်ရှားနိုင်ခဲ့သည်။ အဆိုပါ အချိန်ကာလအတွင်းတွင် TikTok မှ ဗီဒီယိုစုစုပေါင်း ၁,၅၄၄,၇၈၆ ကို ပလက်ဖောင်းပေါ်မှ ဖယ်ရှားခဲ့ပြီး ဗီဒီယိုဖယ်ရှားမှုနှုန်းစုစုပေါင်း ၁.၉၇၉ ဖြင့် လူမှုအသိုင်းအဝိုင်း စံနှုန်းများကို ပံ့ပိုးမြှင့်တင်ကြောင်း ပြသနိုင်ခဲ့သည်။ TikTok အနေဖြင့် အစဥ်တစိုက် ဆန်းသစ်တီထွင်မှုနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အသုံးပြုသူများအတွက် အပြုသဘောဆောင်ပြီး ကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဥ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

ဒစ်ဂျစ်တယ်ကျန်းမာရေးနှင့် ဒစ်ဂျစ်တယ် အသိပညာ

ထို့အပြင် TikTok အနေဖြင့် ဒစ်ဂျစ်တယ်ကျန်းမာရေးနှင့် ဒစ်ဂျစ်တယ် အသိပညာ မြှင့်တင်ပေးရန် အထူးအလေးပေးကာ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုသူများအတွက် အကျိုးပြုမည့် အရင်းအမြစ်များနှင့် ပံ့ပိုးမှုများ ရရှိနိုင်စေရန် သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးဆွေးနွေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း လက်တွဲလျက်ရှိသည်။ TikTok မှ မိတ်ဆက်ပေးလိုက်သော ဒစ်ဂျစ်တယ် အသိပညာစင်တာ (Digital Literacy Hub) မှ တစ်ဆင့် အသုံးပြုသူများအတွက် မရှိမဖြစ် လိုအပ်သော ဒစ်ဂျစ်တယ်အသိပညာနှင့် လုပ်ဆောင်ချက်များကို မိတ်ဆက်ပေးထားပြီး #BeSafeWithSoe ကဲ့သို့သော ကမ်ပိန်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းကို TikTok ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် လမ်းညွှန်ချက်များကို မိတ်ဆက်ပေးထားပြီးဖြစ်သည်။ အဆိုပါ ကမ်ပိန်း၏ Hashtag ဖြစ်သော #BeSafeWithSoe သည် ကြည့်ရှုသူ ၂၉ သန်းကျော် ရှိပြီဖြစ်သည်။

TikTok မှ မြန်မာနိုင်ငံရှိ အသုံးပြုသူ လူမှုအသိုင်းအဝိုင်း၏ ပါဝင်ပံ့ပိုးမှုနှင့်အတူ အသုံးပြုသူများအတွက် ပိုမိုတီထွင်ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ချလုံခြုံစွာ မိမိကိုယ်မိမိ ဖော်ပြနိုင်မည့် ဘေးကင်းလုံခြုံသည့် ပျော်ရွှင်ဖွယ် အွန်လိုင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top