(အောက်တိုဘာ (၃၀) ရက်မှ နိုဝင်ဘာ (၅) ရက်အတွင်း)
ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။
အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက အိမ်ထောင်စုတွေကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
သန်လျင်မြို့က သဘာဝတရားရိပ်သာ၊ မင်္ဂလာဒုံမြို့နယ်က အာစိဏ္ဍရာမ စာသင်တိုက်နဲ့ lock down ဖြစ်နေတဲ့ စမ်းမြသီတာသီလရှင်စာသင်တိုက်တွေကို ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်များလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒါ့ပြင် သီတင်းကျွတ်မှာ ဘိုးဘွားတွေအတွက် ဂါရဝလက်ဆောင်မွန်ပုံးလေးတွေကို လှူဒါန်းခဲ့သလို တိုက်ကြီးမြို့နယ်၊ အာစိဏ္ဍသိရီပရဟိတကျောင်းက ကလေးငယ်တွေအတွက် သီတင်းကျွတ်လက်ဆောင်များကိုလည်း ပေးအပ်ခဲ့ပါတယ်။
Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉)ရပ်ကွက်အတွင်းက မိသားစု (၂၀၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၃) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

တောင်ဥက္ကလာပဆေးရုံကြီးကို တန်ဖိုးငွေ (၂၄) သိန်းကျော်တန်ဖိုးရှိ Mybacin Zine, Mysoven ဆေးဝါးများကို နိုဝင်ဘာ (၂) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈)ရပ်ကွက်အတွင်းက မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၂) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ အာစိဏ္ဍသိရီပရဟိတကျောင်းက ကလေးငယ်တွေအတွက် သီတင်းကျွတ်လက်ဆောင်များကို နိုဝင်ဘာ (၁) ရက်နေ့က သွားရောက်ပေးအပ်ခဲ့ပါတယ်။

တိုက်ကြီးမြို့နယ်၊ ချောင်းကျိူးကျေးရွာ၊ အာစိဏ္ဏသိရီပရဟိတကျောင်းရှိ သံဃာတော်များ၊ ကိုရင်လေးများ နဲ့ ကလေးငယ်တွေအတွက် အာဟာရဒါနအဖြစ် ဘဲကင် နှင့် ရေခဲမုန့်များကို နိုဝင်ဘာ (၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဝေဘာဂီဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများစားသုံးနိုင်ရန် ညနေစာထမင်းဗူးများကို အောက်တိုဘာ (၃၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

သန်လျင်မြို့က သဘာဝတရားရိပ်သာသို့ (၆) ပြည်ဆန်အိတ် (၂၀၀) အိတ်နဲ့ (၂) လီတာ ဆီဗူး (၂၀၀) တို့ကို အောက်တိုဘာ (၃၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

မြောက်ဒဂုံမြို့နယ် Fever Clinic အတွက် level 2 PPE (Surgical Gown) အစုံ (၂၀၀) ကို အောက်တိုဘာ (၃၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

သီတင်းကျွတ်မှာ ဘိုးဘွားတွေအတွက် စုစုပေါင်း ငွေ(၂၃,၄၂၀) ကျပ် တန်ဖိုးရှိတဲ့ ဂါရဝလက်ဆောင်မွန်ပုံးလေးတွေကိုလည်း အောက်တိုဘာ (၃၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်က အာစိဏ္ဍရာမ စာသင်တိုက်နဲ့ lock down ဖြစ်နေတဲ့ စမ်းမြသီတာသီလရှင်စာသင်တိုက်တို့ကို အောက်တိုဘာ (၃၀) ရက်နေ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ပါတယ်။
Photos- Clean Yangon
Cherry(ရိုးရာလေး)