HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးအစီအစဥ်မှာ စတင်ထည့်သွင်းထိုးနှံ

20-10-2020-yyl-020.jpg

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ◌်မှာ HPV ပိုးကြောင့် ဖြစ်ပွားတဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အိတ်ချ်ပီဗီ(Human Papillomavirus Vaccine HPV)ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံပေးသွားတော့မှာဖြစ်ပါတယ်။

HPV ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကိုတော့ အောက်တိုဘာ ၂၀ ရက်(ဒီနေ့)၊ နေ့လယ်က နေပြည်တော်ရှိ MICC(2)ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီးတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒီကာကွယ်ဆေးဟာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ◌်ရဲ့ (၁၃)ခုမြောက် ကာကွယ်ဆေးဖြစ်ပြီးတော့ အောက်တိုဘာလ(အခုလ)အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးငယ်အားလုံးကို စတင်ထိုးနှံပေးမှာဖြစ်ပါတယ်။

HPV ကာကွယ်ဆေးကို ထိုးနှံရာမှာ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လအတွင်း မွေးဖွား ခဲ့တဲ့ ရည်မှန်းအသက်အုပ်စုဝင်မိန်းမကလေးများအားလုံးကို တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လခြားပြီး (၂)ကြိမ် ထိုးနှံ ပေးသွားမှာဖြစ်တယ်လို့ အဲဒီအခမ်းအနားကနေ သိရပါတယ်။

အခုလိုထိုးနှံပေးလိုက်တဲ့အတွက် HPV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်ဖြစ်ပွားနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကို ထိရောက်စွာလျှော့ချနိုင်မယ့်အပြင် ဆေးဝါးကုသမှုအတွက် လူ့စွမ်းအားအရင်းအမြစ်နဲ့ ကုန်ကျစရိတ်တွေကိုပါ လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အမျိုးသမီးဦးရေ တစ်သိန်းမှာ ၂၁ ဦးခန့်ဖြစ်ပွားပြီးတော့ ၁၃ ဦးခန့် သေဆုံးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo – Myanmar State Counsellor Office, MOHS

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top