စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာတွေကို သက်သာသွားဖို့ဆိုရင်

5-11-2020-yyl-033.jpg

သင်ဟာ ဆံပင်ကျွတ်တဲ့ပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင် သင်မှာကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင်ဖို့ အခွင့်အရေးများပါတယ်နော်။ စိတ်ဖိစီးတာက မျိုးရိုးကြောင့် ဆံပင်ကျွတ်တာပြီးရင် ဒုတိယအကြီးမားဆုံးဆံပင်ကျွတ်ခြင်းအကြောင်းအရင်းပါပဲ။ တစ်နေ့ကို ရိုးရိုးသာမန်ဆံပင်ကျွတ်တာက ကိစ္စမရှိပေမဲ့ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာကတော့ မကောင်းပါဘူး။ အဲဒီလိုပြောလို့ မစိုးရိမ်ပါနဲ့နော်။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာကို ကုသဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲက တချို့ကို ဒီဆောင်းပါးကနေတဆင့် မျှဝေဖော်ပြပေးလိုက်ရပါတယ်။

-တရားထိုင်တာ၊ အသက်ရှုထုတ်တာတွေ လုပ်ပေးပါ – ဆံပင်ကျွတ်တာတွေမဖြစ်ဖို့ စိတ်ဖိစီးတာတွေကို ထိန်းပေးဖို့ လိုပါတယ်။ သင် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို လျော့ချဖို့အတွက် သင်လုပ်နိုင်တာတွေကို လုပ်ပါ။ စိတ်အေးချမ်းသွားဖို့အတွက် (၁၀) မိနစ်လောက် တရားထိုင်တာ (သို့) အသက်ရှုလေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီနည်းတွေကို အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုကို လျော့ချတဲ့နေရာမှာ အကူအညီဖြစ်ပါလိမ့်မယ်။

ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပါ – ဆူညံ၊ ညစ်ပတ်ပြီး လေထု ညစ်ညမ်းတဲ့ပတ်ဝန်းကျင်က သင့်ရဲ့စိတ်ကျန်းမာရေးအတွက် အကူအညီမဖြစ်စေနိုင်ပါဘူး။ လက်ရှိအချိန်မှာ လူတော်တော်များများက အိမ်ကနေအလုပ်လုပ်နေရတဲ့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖို့ အရေးကြီးပါတယ်။ အိမ်မှာ သင် အလုပ်လုပ်နေတဲ့နေရာကို သန့်ရှင်းသပ်ရပ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးလိုက်ပါ။ သင့်စိတ်ကျန်းမာရေးအတွက် အထောက်အပံံ့ဖြစ်စေပါလိမ့်မယ်။

ဦးရေပြားကို သွေးလည်ပတ်မှုကောင်းအောင်လုပ်ပေးပါ – ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့အပြင် မွေးညင်းပေါက်တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းအောင်လုပ်ပေးရင်းနဲ့ ဦးရေပြားကို သန့်စင်တဲ့နေရာမှာ အကူအညီပေးတဲ့ ဆံသားလိမ်းဆီကို အသုံးပြုပေးသင့်ပါတယ်။

စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုလျော့ချပေးရမလဲဆိုတာ သင်ယူပါ – စိုးရိမ်ပူပန်လာတဲ့အခါ သင့်ခန္ဓာကိုယ်မှာ တင်းမာလာတာကို လျော့ချပစ်ဖို့အတွက် ကြွက်သားလေ့ကျင့်ခန်းတွေလုပ်ပေးဖို့လိုပါတယ်။ သင့်စိုးရိမ်ပူပန်တဲ့အခါမှာရော သင် စိတ်လန်းဆန်းလာသလို ခံစားရတဲ့အခါမှာပါ သင့်ခန္ဓာကိုယ်က သင် ဘယ်လိုခံစားနေရလဲဆိုတာကို သိပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေကို လျော့ချဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးပြီး မကောင်းတဲ့အတွေးတွေကို ကောင်းတဲ့အတွေးတွေအဖြစ် ပြောင်းလဲပစ်သင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားပါ – တစ်နေ့တာကို ကျန်းမာရေးနဲ့ညီညွှတ်စွာစားပေးတာကလည်း ဆံသားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သံဓာတ်၊ ဗီတာမင် ဒီ၊ ဇင့်ဓာတ်တွေရဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ဖြည့်စွက်စာတွေကလည်း အကူအညီဖြစ်စေနိုင်ပါတယ်။

Ref: This is how you put an end to stress-related hair loss

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top