ပါတီပွဲမှာ လူ ၈ ဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားတွေအတွက် ကိုလံဘီယာအစိုးရက ပီဆိုငွေ သန်း ၂၀၀ ဆုကြေးထုတ်

18-8-2020-yyl-005.jpg

ပါတီပွဲမှာ လူ ၈ ဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားတွေကို ဖမ်းမိအောင် သတင်းပေးနိုင်ရင် ပီဆိုငွေ သန်း ၂၀၀ ( အမေရိကန်ဒေါ်လာ ၅၃၀၀၀) ဆုချီးမြှင့်မယ်လို့ ကိုလံဘီယာအစိုးရက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဆာမာနီယေဂိုမြို့က အိမ်တစ်အိမ်မှာ ပါတီပွဲ ကျင်းပနေတုန်း သေနတ်သမား ၄ ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ အမျိုးသား၇ ယောက်နဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန် ပါတီပွဲမှာ လူအယောက် ၂၀ လောက် ရှိပါတယ်။ တိုက်ခိုက်မှုလုပ်တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ အီကွေဒေါနိုင်ငံ နယ်စပ်မှာရှိတဲ့ အဲဒီဒေသမှာ မူးယစ်ဆေးဝါးဂိုဏ်း တော်တော်များများ လှုပ်ရှားလေ့ရှိပါတယ်။ တိုက်ခိုက်မှုမဖြစ်ပွားခင် ပါတီပွဲကို ရပ်တန့်ဖို့ Whatsapp ကနေ သတိပေး ခြိမ်းခြောက်မှု ရရှိခဲ့တယ်လို့ အသက်ရှင်လွတ်မြောက်သူတွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ အထက်တန်းကျောင်းပြီးခါစနဲ့ တက္ကသိုလ်တက်နေသူတွေ ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ မိန်းကလေးကတော့ ဆေးပညာသင်ယူဖို့ စီစဉ်နေသူပါ။ ဒီတိုက်ခိုက်မှုဟာ ပြိုင်ဘက်ဂိုဏ်းအချင်းချင်း လက်စားချေမှုဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေကို သေဆုံးသူတစ်ယောက်ရဲ့ ဖခင်က ငြင်းဆန်ခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံမှာ ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း လူသတ်မှုနှုန်း ကျဆင်းခဲ့ပေမဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေဆဲပါပဲ။

Ref: BBC ” Colombia offers reward after eight young partygoers killed”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply