Miss Universe Philippines 2024 အတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသက် ၆၉ နှစ်အရွယ်အမျိုးသမီး

19.1.24-yyl-2.jpg

ဟိုယခင်နှစ်တွေတုန်းက Miss Universe အလှမယ်ပြိုင်ပွဲဟာ အရပ်အမောင်းနဲ့ အသက် စတဲ့ ကန့်သတ်ချက်တွေရှိခဲ့တာပါ။ မကြာသေးခင်ကမှ အဲဒီကန့်သတ်ချက်တွေကို ဖယ်ရှားခဲ့ပါတယ်။ အခုနှစ် Miss Universe Philippines ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးတွေထဲကမှ အသက် ၆၉ နှစ်အရွယ်အမျိုးသမီးပါဝင်လာခဲ့ပါတယ်။ ဂျိုဆလင် ကျူဘာလေဆိုတဲ့ အဲဒီအမျိုးသမီးက ကွီဇွန်းမြို့ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ သူဟာ ကွီဇွန်းမြို့ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ အလှမယ် ၁၅ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

Miss Universe Organization က ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ အသက်ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ဂျိုဆလင်က သူ့သူငယ်ချင်းနဲ့မိသားစုဝင်တွေရဲ့ ပံ့ပိုးပေးမှုနဲ့ စိတ်ဓာတ်ခွန်အားရပြီး ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ရင်းနှီးတဲ့သူတွေက သူ့ရဲ့တစ်သက်တာအိပ်မက်က အလှမယ်တစ်ယောက်ဖြစ်ဖို့ဆိုတာသိပါတယ်။

“ဂျိုဆလင် ကျူဘာလေနဲ့တွေ့ဆုံကြရအောင်…အသက် ၆၉ နှစ်အရွယ်မှာ မျိုးဆက်သစ်လူငယ်တွေဟာ သူ့ရဲ့ဘဝအတွေ့အကြုံတွေဆီကနေ များစွာသင်ယူနိုင်မယ်လို့ သူယုံကြည်ထားတယ်။ စကြဝဠာကို သူ အလင်းပေးတာ မြင်ရမှာပါ”လို့ Miss Universe Philippines က Fb ပေ့ချ်မှာ တင်ထားပါတယ်။

ဝါသနာနောက်ကို လိုက်ပြီး သူတို့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခြားဖိလစ်ပိုင်အမျိုးသမီးတွေကို လှုံ့ဆော်ချင်တာကြောင့် အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ဖို့ တွန်အားဖြစ်ခဲ့တယ်လို့ ဂျိုဆလင်ရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်သရုပ်ဆောင် မာ ကျူဘာလေက‌ ပြောပါတယ်။

ဂျိုဆလင်သာ သရဖူကို ဆွတ်ခူးနိုင်ခဲ့ရင် ပထမဆုံးသောကွီဇွန်းမြို့ကိုယ်စားပြု Miss Universe Philippineအဖြစ်ရော အသက်ကြီးဆုံးပြိုင်ပွဲဝင်အဖြစ်ပါ သမိုင်းစိုက်ထူမှာဖြစ်ပါတယ်။

Ref: Meet the First 69-Year-Old Woman Who Will Vie for Miss Universe Philippines 2024

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top