ကိုလံဘီယာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၆၄ ဦး သေဆုံး

ear.jpg

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၄ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၆၄ ဦး သေဆုံးခဲ့ပြီး လူ ၅၇၀ ဒဏ်ရာရခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့ အနောက်ဘက် မိုင် ၁၅၀ အကွာမှ ဖွံ့ဖြိုးမှုအားနည်းတဲ့ ဆန်ဟိုဆေးဒယ်ပယ်မာမြို့မှာ မြေအောက်အနက် ၆၆ မိုင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာပါ။

ကိုလံဘီယာအစိုးရက နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာထားပြီး ငလျင်ဘေးသင့်ရာဒေသထံ စစ်သည်တွေ စေလွှတ်ထားပါတယ်။ ပြင်းအား ၇.၄ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင်လှုပ်ခတ်မှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကိုလံဘီယာနိုင်ငံမှာ အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုဖြစ်ပြီး ၁၉၉၉ ခုနှစ်က ကိုလံဘီယာငလျင်နဲ့ နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံမှ ငလျင်ဘေးသင့်သူတွေကို ခိုလှုံစရာ၊ စားစရာနဲ့ အကာအကွယ်ပေးနိုင်ဖို့၊ ငလျင်ဒဏ်ဆိုင်ရာ တွက်ဆမှုတွေလုပ်ဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅.၅ သန်း ပေးအပ်သွားမယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

Ref: Colombia rescue efforts press on after quake, death toll expected to rise

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top