Communication အေဂျင်စီ တစ်ခုဖြစ်သည့် Vero မှ We Love Yangon နှင့် ပူးပေါင်းကာ “Let’s Share a Meal” ပရဟိတ ကမ်ပိန်း စတင်

Donation-1.jpeg

Covid-19 ကပ်ရောဂါကြောင့် ရန်ကုန်မြို့နှင့် အနီးရှိ မြို့နယ်များမှ လူဦးရေ၏ လေးပုံ သုံးပုံကျော်မှာ အလုပ်အကိုင်များနှင့် ဝင်ငွေများ ဆုံးရှုံးခြင်း၊ ပျမ်းမျှလစဥ်ဝင်ငွေပမာဏ သုံးပုံတစ်ပုံခန့် ကျဆင်းသွားခြင်း စသည့် အကျပ်အတည်းများနှင့်ရင်ဆိုင်နေရပြီး ဝင်ငွေအခြေခံဆင်းရဲနွမ်းပါးမှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လ အတွင်း ၂၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း လေ့လာသိရှိရသည်။[1] ကမ္ဘာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအရ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ယခင် ဘဏ္ဏာနှစ်တွင် ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင် ဝ.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြသည်။ အကျိုးဆက်အားဖြင့် အချို့သော မိသားစုများသည် နေ့စဥ် ပုံမှန်စားနိုင်ရန်နှင့် ရှင်သန်နေထိုင်ရေးအတွက် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန်ပင် ရုန်းကန်နေရကြောင်းလည်း သိရသည်။

ဤကဲ့သို့ အကျပ်အတည်းကာလအတွင်း အစားအစာ လိုအပ်နေသူများကို ထောက်ပံ့ကူညီရန်အတွက် အာဆီယံအခြေစိုက် Communication အေဂျင်စီတစ်ခုဖြစ်သော Vero ၏ မြန်မာနိုင်ငံရှိ ဝန်ထမ်းများသည် ၎င်းတို့၏ နှစ်စဉ်အပိုဆုကြေးများကို လှူဒါန်းရန် ရွေးချယ်ခဲ့ကြပြီး ၎င်းတို့၏ လှူဒါန်းငွေစုစုပေါင်း ပမာဏကို အေဂျင်စီဘက်မှ ထပ်မံအားဖြည့်လှူဒါန်းကာ အစား အစာ လိုအပ်နေသူများကို ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ လှူဒါန်းမှုပြုလုပ်ရန်အတွက် “Let’s Share a Meal” ကမ်ပိန်းလှုပ်ရှားဖြင့် လစဉ်လတိုင်း မိသားစုများအတွက် အစားအစာများ လှူဒါန်းနိုင်ရန် စီစဉ်ခဲ့ကြသည်။ ကမ်ပိန်း ထိထိ ရောက်ရောက် ဖြစ်မြောက်အောင်မြင်ရန်အတွက် ရန်ကုန် အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိသားစုများစွာကို အစဉ်အမြဲ ထောက်ပံ့ပေးလျက်ရှိသည့် We Love Yangon နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဤအစီအစဉ်တွင် မိသားစု တစ်စုစာအတွက် ခန့်မှန်းခြေ တစ်လ စားသုံးနိုင်သော ဆန် ၂ ထုပ် ၊ ဆီ ၁ ပုလင်း၊ ငါးသေတ္တာ ၅ ဘူးနှင့် ခေါက်ဆွဲဗူး ၃၀ ပါဝင်သည့် အစားအစာထုပ်များ လှူဒါန်းသွားမည်ဖြစ်သည်။ Vero ၏ စုစုပေါင်းလှူဒါန်းငွေပမာဏမှာ ကျပ် ၁၀,၁၄၀,၀၀၀ ဖြစ်ပြီး မိသားစုဝင်ပေါင်း ၆၀၀ အတွက် လုံလောက်စွာ လှူဒါန်းနိုင်ခဲ့သည်။ ဤ ကမ်ပိန်းမှ တစ်ဆင့် ၂၀၂၀ ပြည့်နှစ် အကုန်တွင် အခြားသော ပါဝင်လှူဒါန်းမှုများဖြင့် မိသားစု ၁,၀၀၀ ပြည့်သည်အထိ အစားအစာများ ထောက်ပံ့လှူဒါန်းနိုင်ရန် ရည်ရွယ် ထားသည်။

Vero နှင့် We Love တို့၏ ကန်ပိန်းရည်ရွယ်ချက်မှာ ရန်ကုန်ရှိ ကုမ္ပဏီများ၊ ပြည်သူလူထုများ၊ နာမည်ကြီး ပုဂ္ဂိုလ်များနှင့် မီဒီယာများ အတူတကွ ပေါင်းစည်းပါဝင်ပြီး “Let’s Share a Meal” ကမ်ပိန်းမှတစ်ဆင့် စားဝတ်နေရေး ခက်ခဲနေသည့် ပြည်သူများကို ပံ့ပိုးကူညီနိုင်ရန်ဖြစ်ပြီး Covid-19 ကာလ အတွင်းနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ချက်များတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရန်ဖြစ်သည်။ ထို့ကြောင့် Vero Myanamr ဝန်ထမ်းများအနေဖြင့် ရန်ပုံငွေများကို စတင်ထောက်ပံ့ လှူဒါန်း ခဲ့ပြီး အစားအစာလှူဒါန်းမှုများကို ကူညီပံ့ပိုးနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ကုမ္ပဏီများကို လှုံ့ဆော် တိုက်တွန်းရန် အတွက် hashtag အနေဖြင့် #LetsShareaMeal ကို အသုံးပြု လှုံ့ဆော်သွားမည်ဖြစ်သည်။

ကမ်ပိန်း၏ နာမည်ဖြစ်သည့် #LetsShareaMeal သည် “အစားအစာတွေကို မျှဝေပေးကြရအောင်” ဟု အဓိပ္ပါယ်ရပြီး မိမိတွင် လုံလောက် ပိုလျှံနေသော အစားအစာများ သို့မဟုတ် ငွေကြေးတို့ကို အစားအစာ မလုံလောက်သောသူများကို အစားအစာများ ဝေငှလှူဒါန်းစေရန်ဖြစ်သည်။ မိသားစုများထံ ပေးပို့ရာတွင် ကူညီပေးသွားမည့် We Love Yangon အဖွဲ့သည်လည်း အတွေ့ အကြုံရှိသော စေတနာ့ဝန်ထမ်းများက ဦးဆောင်စီမံထားခြင်းကြောင့် လှူဒါန်းမှုများသည် အလေအလွင့် မရှိဘဲ အမှန်တကယ် လိုအပ်နေ သော အိမ်ထောင်စုများသို့ ပေးပို့ထောက်ပံ့သွားနိုင်မည်ဖြစ်သည်။

We Love Yangon အဖွဲ့သည် ၂၀၀၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရန်ကုန်မြို့ရှိ ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဒေသခံပြည်သူများ၏ ဘဝတိုးတက်စေရန်နှင့် လူ့အဖွဲ့အစည်း အတွင်း အဓိပ္ပါယ် ပြည့်ဝသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန်ဖြစ်သည်။ အသင်းကို YCDC ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ် အခမဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ်သည့် ဆရာမ ဒေါ်သန်းမြင့်အောင်က ဥက္ကဌအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ Covid-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း We Love Yangon အနေဖြင့် ရန်ကုန် ဆင်ခြေဖုံးရှိ ဘုန်းကြီးကျောင်း၊ မယ်သီလရှင်ကျောင်းများ၊ ဆေးရုံများနှင့် အကူအညီလိုအပ်နေသော မိသားစုဝင်စုစုပေါင်း ၄ သောင်းကျော်ထံသို့ အစားအစာ လှုဒါန်းထောက်ပံ့မှုများကို ၎င်းတို့၏ တက်ကြွစွာ ပါဝင်လုပ်ဆောင်ကြသော စေတနာ့ ဝန်ထမ်းများ၏ လုပ်အားများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်သည်။

“ရန်ကုန်မြို့မှာ Lockdown တွေ စပြီး ထုတ်ပြန်ကတည်းက We Love Yangon အနေနဲ့ အခြေခံ စားသောက်ကုန် လိုအပ်နေသူတွေအတွက် အဆင်ပြေပြေ ရရှိနိုင်ဖို့နဲ့ ရန်ကုန်မြို့အတွင်းမှာ စားသောက်ကုန် ကုန်ဈေးနှုန်းတက်တာတွေ မဖြစ်အောင် စားသောက်ကုန်ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး ဖြန့်ဖြူးလုပ်ကိုင်ခဲ့တယ်။ We Love Yangon မှာ နှစ်ဝက်ကျော် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ခွင့်ရတာ ကျွန်မအတွက် ထူးခြားတဲ့ အခွင့်ထူးဖြစ်ခဲ့တယ်။ အခုလို Let’s Share a Meal ကမ်ပိန်းမျိုးကလည်း We Love Yangon အတွက် တကယ်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်” ဟု မအေးမြတ်သူ က ပြောကြားခဲ့သည်။

ကုမ္ပဏီနှင့် အဖွဲ့အစည်းများအနေနှင့် မိသားစုပေါင်း ၂၅ စုစာအတွက် တစ်လစာ စားစရိတ် လှူဒါန်းငွေပမာဏ ကျပ် ၅ သိန်း ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ပြီး မိသားစုဝင်ပေါင်း ၅၀၀ စုစာအတွက် တစ်လစာ စားစရိတ် လှူဒါန်းငွေပမာဏ ကျပ်သိန်း ၁၀၀ ဖြင့် လှူဒါန်းနိုင်မည်ဖြစ်သည်။
ကမ်ပိန်းတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် We Love Yangon သို့မဟုတ် Vero သို့ (ဖုန်း – ၀၉ ၅၄၀ ၃၁၄၅) မှ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်သည်။ Vero သို့ ရောက်ရှိလာသော လှူဒါန်းမှုများကိုလည်း We Love Yangon သို့ အလုံးစုံ လွှဲပြောင်း ပေးအပ်လှူဒါန်း ပေးသွားမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top