တစ်ရက်ကို နမူနာ ၃၀,၀၀၀ အထိ စစ်ဆေးနိုင်မယ့် လာအိုနိုင်ငံရဲ့ ကွန်တိန်နာဓာတ်ခွဲခန်း

21-3-2022-yyl08.jpg

ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ဖို့၊ ခရီးသွားတွေကို ပြန်လည်လက်ခံနိုင်ဖို့ ကြိုးစားနေတဲ့ လာအိုနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် MGI Tech Co., Ltd. (MGI) နဲ့ ပူးပေါင်းပြီး ရွှေ့ပြောင်းလွယ်ကူတဲ့ ကွန်တိန်နာဓာတ်ခွဲခန်းကို တည်ဆောက်ခဲ့ပါတယ်။၁၂ မီတာအရှည်ရှိတဲ့ သင်္ဘောကွန်တိန်နာထဲမှာ တည်ဆောက်ထားတဲ့ အဲဒီဓာတ်ခွဲခန်းမှာ MGI ရဲ့ အလိုအလျောက်စနစ်တွေ ထည့်သွင်းထားတာကြောင့် တစ်ရက်ကို စစ်ဆေးမှုနမူနာ ၃၀၀၀၊ အစုလိုက် စစ်ဆေးမှုအဖြစ် နမူနာ ၁၀ ခုပေါင်းပြီး တစ်ကြိမ်စစ်ဆေးမယ်ဆိုရင် တစ်ရက်ကို နမူနာ ၃၀,၀၀၀ အထိ စစ်ဆေးနိုင်မှာပါ။

အဲဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁၁ သန်းကုန်ကျမှာဖြစ်ပြီး စီမံကိန်းမှာ ပူးပေါင်းပါဝင်တဲ့ Champasack ခရိုင် ဆေးရုံကြီးမှာ ကွန်တိန်နာဓာတ်ခွဲခန်းကို နေရာချထားပါတယ်။ စစ်ဆေးမှုအချိန် တိုတောင်းပြီး လူအင်အား လိုအပ်ချက် လျှော့ချနိုင်မယ့်အပြင် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာတွေ စစ်ဆေးဖို့ လိုအပ်နေတဲ့ နေရာတွေဆီ လျှင်မြန်စွာ ရွှေ့ပြောင်းနိုင်စွမ်း ရှိပါတယ်။

ကွန်တိန်နာဓာတ်ခွဲခန်းဟာ MGI ရဲ့ High-throughput Sequencing နည်းပညာကို အသုံးပြုထားတဲ့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာလည်း ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ တီဘီရောဂါအစရှိတဲ့ ဒေသတွင်း ကူးစက်ရောဂါတွေကို ဆောလျင်စွာ စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။ ကွန်တိန်နာဓာတ်ခွဲခန်း တည်ဆောက်နိုင်ရေးအတွက် Belt and Road Life Science Economy Alliance (LSEA) နဲ့ Sithandone Joint Development Co., Ltd. (STD) တို့ကလည်း ပူးပေါင်းကူညီခဲ့ကြပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top