လူ ၁၃၂ ဦး လိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ် ပျက်ကျ

21-3-2022-yyl01.jpg

လူ ၁၃၂ ဦး လိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း တောင်တန်းဒေသမှာ ပျက်ကျခဲ့ပါတယ်။ China Eastern လေကြောင်းလိုင်းရဲ့ Boeing 737 လေယာဉ်ဟာ ကူမင်းမြို့ကနေ ကွမ်ကျိုးမြို့ကို ပျံသန်းနေတုန်း ကွမ်ရှီးပြည်နယ်က တောင်တန်းတွေပေါ်ကို ပျက်ကျခဲ့ပြီး မီးလောင်ခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အသက်ရှင် ကျန်ရစ်သူမရှိလောက်ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒီဖြစ်ရပ်မှာ သေဆုံးသူစာရင်းနဲ့ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ တရုတ်လေကြောင်းလိုင်းတွေဟာ ဘေးကင်းလုံခြုံမှုမှတ်တမ်းကောင်း ပိုင်ဆိုင်ထားပြီး လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း လေယာဉ်ပျက်ကျမှု အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်း မရှိပါဘူး။

လေယာဉ်ပျက်ကျရာနေရာကို ကယ်ဆယ်ရေးလုပ်သားတွေ စေလွှတ်ထားပြီး လေယာဉ်ပျက်ကျမှုကြောင့် ဖြစ်ပွားခဲ့တဲ့ သစ်တောမီးလောင်မှုကိုတော့ ငြှိမ်းသတ်နိုင်ခဲ့ပါပြီ။

Ref: BBC “China Eastern: Plane carrying 132 people crashes in Guangxi mountains”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top