လူသတ်မှုကျူးလွန်ပြီး (၁၂) နှစ်လောက် စကား မပြောတတ် ချင်ယောင်ဆောင်နေရာကနေ တကယ် အသွားတဲ့အမျိုးသား

48377239_318096835707513_5707931435243929600_n.jpg

တရုတ်နိုင်ငံက ဂျောင် (Zheng) ဆိုတဲ့အမျိုးသားဟာ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီး (၁၂) နှစ်လောက် စကားမပြောတတ်ချင် ယောင်ဆောင်ခဲ့ပါတယ်။ (၂၀၀၅) ခုနှစ်မှာ ဂျောငဟာ သူ့ဦးလေးရဲ့ အမျိုးသမီးဖြစ်သူ သူ့အဒေါ်ကိုသတ်ပြီး ကျေးရွားလေတစ်ခုမှာ ဇာတ်မြှုပ်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီရွာကိုရောက်တဲ့အခါမှာတော့ ဂျောင်ဟာ သူ့ရဲ့နာမည်ကိုပါ ဝေါင်ဂီ (Wang Gui) လို့ပြောင်းပြီး အိမ်ထောင်ပါပြုရင်း စကားမပြောတတ်ချင် ယောင်ဆောင်ကာ ဘဝသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကလေးတစ်ယောက် ထွန်းကားခဲ့ချိန်အထိ အ ချင် ယောင်ဆောင်နေခဲ့တုန်းဖြစ်ပါတယ်။ ‘The Telegraph’ ရဲ့ ပြောကြားချက်အရ ဂျောင်ဟာ သူကျူးလွန်ခဲ့တဲ့ လူသတ်မှု ပေါ်သွားမှာစိုးပြီး အ ချင် ယောင်ဆောင်ခဲ့တာဖြစ်တာကြောင့် သူ့မိသားစုကိုတောင် (၁၂) နှစ်လုံး စကားမပြောခဲ့ဘူးလို့ ဆိုပါတယ်။

ဆိုပေမဲ့ ကံတရားက မသမာသူတွေကိုတော့ မျက်နှာသာပေးရိုးထုံးစံ မရှိဘူးထင်ပါတယ်။ (၁၂) နှစ်လောက် အ ချင် ယောင်ဆောင်ပြီးတဲ့နောက်မှာတော့ ရဲတွေက ဂျောင် နေထိုင်ရာအိမ်ကို အိမ်ထောင်စုစာရင်းကောက်ဖို့ ရောက်ရှိလာပါတော့တယ်။

ဂျောင်အတွက်တော့ အဖမ်းခံလိုက်ရတာထက် ပိုဆိုးတဲ့ပြဿနာက (၁၂) နှစ်လောက် စကားမပြောတတ်ချင် ယောင်ဆောင်ခဲ့လို့ တကယ် အ သွားခြင်းပါပဲ။ အချိန်အကြာကြီး စကားမပြောဘဲ နေခဲ့တာကြောင့် အသံထွက် အင်္ဂါအစိတ်အပိုင်းတွေက အလုပ် မလုပ်တော့တာလို့ ယူဆရပါတယ်။ ဘာလို့ (၁၂) နှစ်လုံး စကားမပြောတတ်ချင် ယောင်ဆောင်နေခဲ့တာလဲလို့ မေးတဲ့အခါမှာတော့ ဂျောင်က “စကားနည်းလေလေ၊ အမှားနည်းနည်း လုပ်မိလေလေပါပဲ” ဆိုတဲ့ စာကြောင်းလေးကိုပဲ ရေးပြခဲ့ပါတယ်။

Ref: Elitereaders “Man Pretends to Be Mute for 12 Years, Loses His Ability to Speak For Real”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top