ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ ဒုတိယအကြီးဆုံးတောမီးဖြစ်တဲ့ The Dixie Fire လောင်ကျွမ်းနေတဲ့မြင်ကွင်းများ

6-8-2021yyl02.png

လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ်ကို ဆိုးဆိုးရွားရွားခြိမ်းခြောက်နေတဲ့ The Dixie Fire ဟာ ပြည်နယ်သမိုင်းမှာ ဒုတိယအကြီးဆုံးတောမီးဖြစ်လာခဲ့ပါတယ်။ မီးတောက်ကြီးက ကယ်လီဖိုးနီးယားအရှေ့မြောက်ပိုင်းရှိမြေဧက ၄၆၃,၄၇၇ ကိုလောင်ကျွမ်းပစ်ခဲ့ပြီး လွန်ခဲ့သောတစ်နှစ်နီးပါးက ဧက ၁ သန်းကျော်ကိုလောင်ကျွမ်းစေခဲ့သော August Complex Fire တောမီးပြီးရင် ဒါက ဒုတိယမြောက်အကြီးဆုံးတောမီးဖြစ်ပါတယ်။ 

ဇူလိုင်လ ၁၃ ရက်က စတင်ခဲ့တဲ့ The Dixie Fire ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ၂၁ ရာခိုင်နှုန်းထိသာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကောင်တီ (၄) ခုမှာ လောင်ကျွမ်းနေပြီး အဆောက်အဦး ၁၀၀ ကျော်နှင့် မြို့လယ်က သမိုင်းဝင်အဆင့် Greenville ကို ဖျက်စီးပစ်ခဲ့ပါတယ်။ Plumas ကောင်တီနေထိုင်သူ ၄၀ ရာခိုင်နှုန်းနီးပါးကို The Dixie Fire ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်ဖို့ ညွှန်ကြားထားရပြီး လူလေးဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ 

အခုတောမီးလောင်ကျွမ်းမှုဟာ၂၀၁၈ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ ကောင်တီများစွာကို ဖြတ်ပြီး ဧက ၄၅၀,၀၀၀ ကျော်ကို လောင်ကျွမ်းစေခဲ့တဲ့ Mendocino Complex Fire ထက် ပိုပြီးဆိုးရွားလို့နေပါတယ်။ 

The Dixie Fire တောမီးလောင်ကျွမ်းရခြင်းရဲ့အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲပါပဲ။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ Plumas ကောင်တီရှိ Indian Falls မှာ The Dixie Fire တောမီးရဲ့မီးတောက်ကြီးက အိမ်တစ်လုံးကို ဝါးမြိုနေပုံ

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှာ ဆန်ဖရန်ဒီဂိုက မီးသတ်သမား ခရစ်စတိုဖာ မိုရီ (Christopher Moore) က Greenville မှာ the Dixie Fire လောင်ကျွမ်းနေတဲ့ အိမ်တစ်လုံးက အမေရိကန်အလံကို ဖြုတ်သိမ်းပေးနေပုံ

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က Plumas ကောင်တီမှာ တောမီးလောင်ကျွမ်းခဲ့ရတဲ့ သမိုင်းဝင်နေရာတွေကို အော်ပရေရှင်းခေါင်းဆောင် ဂျေ ဝေါတာ (Jay Walter) လည်ပတ်ကြည့်ရှုနေပုံ

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က the Dixie Fire ဟာ ချက်စတာသို့ နီးကပ်လာတဲ့အတွက် အမျိုးသားတစ်ဉီးက သူ့ရဲ့မြင်းကို ဘေးလွှတ်ရာ Lake Almanor သို့ ပြောင်းရွေ့ထားတဲ့မြင်ကွင်း

The Dixie Fire တောမီးဖျက်စီးလိုက်တဲ့ နေရာတစ်ခုမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က နေဝင်ဆည်းဆာကို မြင်တွေ့နေရပုံ

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က Greenville ရွာအနီးနားမှာ the Dixie Fire ကြောင့် လောင်ကျွမ်းနေတဲ့ သစ်ပင်တွေ၊ မလောင်ကျွမ်းရသေးတဲ့သစ်ပင်တွေနဲ့ မြင်တွေ့ရတဲ့ ကားလမ်းမကြီး ၈၉

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က Greenville မှာ the Dixie Fire တောမီး ဆိုးဆိုးရွားရွားလောင်ကျွမ်းနေတဲ့အတွက် လူနေအိမ်တစ်လုံးနဲ့ ကားတစ်စီးကို မီးတောက်ကြီးက ဝါးမြိုနေတဲ့မြင်ကွင်း

၂၀၂၁ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က Plumas ကောင်တီမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြိမ်းသတ်ပေးနေတဲ့ မီးသတ်သမားတစ်ဉီး မီးတောက်ဝါးမြိုနေတဲ့ အိမ်နားကနေ ဖြတ်လျှောက်လာပုံ

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က ကားလမ်းမကြီးဘေးရှိ သစ်ပင်တွေကို the Dixie Fire တောမီးလောင်ကျွမ်းနေပုံ

၂၀၂၁ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က the Dixie Fire ဟာ နေအိမ်ကို နီးကပ်လာတဲ့အတွက် စိုးရိမ်ပူပန်နေရှာတဲ့အဘိုးအိုရဲ့ပုံရိပ်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က the Dixie Fire ကြောင့် ဘေးလွှတ်ရာ ရှောင်တိမ်းလာခဲ့ရတဲ့ ချက်စတာနေထိုင်သူတစ်ဉီး ဝမ်းနည်းပူဆွေးနေတဲ့မြင်ကွင်း

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၅ရက်နေ့က the Dixie Fire ဟာ Greenville ကို ဖြတ်ကျော်လောင်ကျွမ်းသွားပြီးနောက် မီးလောင်ကျွမ်းခံထားရတဲ့ အဆောက်အဉီးတစ်ဉီးကို မြင်တွေ့ရပုံ

Ref: CNN & ABCNews “Historic Dixie Fire continues to threaten California”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top