COVID-19 ရောဂါ ပြန်သက်သာလာသူတွေ Positive ပြန်ပြရတဲ့ အကြောင်းရင်းကို WHO ဖော်ထုတ်

8-5-2020-yyl-019.jpg

COVID-19 ရောဂါကနေ သက်သာပျောက်ကင်းလာသူတွေကို ပြန်လည်စစ်ဆေးချိန်မှာ Positive( ရောဂါပိုးရှိ) တွေ့ရခြင်းဟာ ရောဂါပိုး ပြန်ကူးစက်ခံရတာမဟုတ်ဘဲ အဆုတ်ထဲက ဆဲလ်သေတွေ ထွက်နေတာကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်သက်သာလာသူ ၁၀၀ ကျော်ကို စစ်ဆေးချိန်မှာ ရောဂါပိုးရှိနေတယ်လို့ တွေ့ရှိခဲ့ပြီးနောက် WHO က အခုလို ပြောခဲ့တာပါ။

” ရောဂါကနေ ပြန်သက်သာလာသူတချို့ Positive ပြန်ပြနေတာကို သတိထားမိပါတယ်။ နောက်ဆုံးရ အချက်အလက်တွေအပေါ် အခြေခံပြီး သိရသလောက်တော့ ရောဂါကနေ ပြန်သက်သာလာချိန်မှာ Positive လူနာတွေရဲ့ အဆုတ်ထဲကနေ အကြွင်းအကျန်တွေ ထုတ်လွှတ်တာကြောင့်ပါပဲ” လို့ WHO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။။

” အဆုတ်တွေ ပြန်ကျန်းမာလာရင် အဆုတ်ထဲက ဆဲလ်သေတွေ ထွက်လာပါတယ်။ အဆုတ်ရဲ့ အပိုင်းအစတွေပေါ့။ အဲဒါတွေကြောင့် Positive ပြတာပါ။ ဗိုင်းရပ်စ် ပြန်ကူးခံရတာမဟုတ်ပါဘူး။ ရောဂါပြန်ထတာလည်း မဟုတ်ဘူး။ ပြန်လည်ကျန်းမာလာတဲ့အဆင့်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ”လို့ WHO ရဲ့ ကျန်းမာရေးအရေးပေါ်စီမံကိန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကူးစက်ရောဂါ ပညာရှင် မာရီယာဗန်ကာဟော့ဗ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဒါမှမဟုတ် ရောဂါလက္ခဏာပြပြီး တစ်ပတ်လောက်အကြာမှာ ခန္ဓာကိုယ်ထဲကနေ ပဋိပစ္စည်းတွေ စတင်ထွက်ရှိလာတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဗိုင်းရပ်စ် တိုက်ခိုက်မှုကို တွန်းလှန်နိုင်လောက်တဲ့ ကိုယ်ခံအားစနစ် ဖြစ်ပေါ်လာသလား၊ တကယ်လို့ တွန်းလှန်နိုင်တယ်ဆိုရင် အဲဒီကိုယ်ခံအားစနစ်က အချိန်ဘယ်လောက်ကြာကြာ ရှိနေလဲဆိုတဲ့ အချက်တွေကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Ref: Coronavirus patients ‘ARE NOT testing positive twice – they’re just expelling dead lung cells’

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top