စင်ကာပူရှုခင်းကြည့်သင်္ဘောပေါ်က ခရီးသည်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုဟာ ဆေးစစ်ချက် မှားယွင်းမှု ဖြစ်

10-12-2020-yyl-029.jpg

စင်ကာပူနိုင်ငံရဲ့ ရှုခင်းကြည့်သင်္ဘောပေါ်မှာ ခရီးသည်တစ်ယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လို့ သင်္ဘောကို ပြန်လှည့်ပြီး ဆိပ်ကမ်းကပ်ခဲ့ရတဲ့ဖြစ်ရပ်ဟာ မှားယွင်းမှုတစ်ခု ဖြစ်တယ်လို့ စင်ကာပူအစိုးရက ပြောပါတယ်။

၈၃ နှစ်အရွယ် ခရီးသည် အဘိုးအိုတစ်ယောက် ဝမ်းလျှောပြီး သင်္ဘောပေါ်က ကျန်းမာရေးအဖွဲ့ဝင်ထံ ပြသခဲ့ပြီး PCR Test စစ်ဆေးချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Quantum of the Seas သ‌င်္ဘောပေါ်က ခရီးသည်တွေကို သူတို့ရဲ့အိပ်ခန်းတွေထဲမှာ ၁၆ နာရီကျော် နေခိုင်းခဲ့ရပါတယ်။

ဒါပေမဲ့ ၈၃ နှစ်အရွယ် အဘိုးအိုကို ကုန်းပေါ်ခေါ်လာပြီး စစ်ဆေးမှု ၃ ကြိမ်လုပ်ချိန်မှာ ၃ ကြိမ်လုံး (Negative) ရောဂါပိုးမရှိရလဒ် ထွက်ပေါ်ခဲ့တယ်လို့ စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တုံ့ပြန်လှုပ်ရှား ဆောင်ရွက်မှုတွေကို စင်ကာပူအာဏာပိုင်တွေက ချီးကျူးခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ရောဂါစစ်ဆေးမှုရဲ့ အားနည်းချက်၊ ကိုဗစ်-၁၉ ရောဂါကို ထိန်းနိုင်ပြီလို့ ယူဆရတဲ့ နိုင်ငံမှာတောင် ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းရာမှာ ကြုံတွေ့ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Ref: Reuters ” Coronavirus scare on Singapore cruise ship was false alarm, authorities say”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top