ဂျပန်နိုင်ငံမှ တွစ်တာလူသတ်သမားကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

15-12-2020-yyl14.jpg

လူ ၉ ယောက်ကို တွစ်တာကနေ ဆက်သွယ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဂျပန်အမျိုးသားကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါပြီ။ ” တွစ်တာလူသတ်သမား”လို့ ခေါ်ဆိုကြတဲ့ ရှီရာအီရှီဟာ သူ့ရဲ့တိုက်ခန်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့လို့ ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီဖြစ်ရပ်က ဂျပန်နိုင်ငံတစ်ဝန်း တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။


သူ့အပေါ် စွပ်စွဲချက်တွေအားလုံး အမှန်တွေချည်းပဲလို့ ရှီရာအီရှီက ပြောခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာလမှာ အပြစ်ရှိတယ်လို့ ဖြောင့်ချက်ပေးခဲ့တာပါ။ ရှီရာအီရာ သတ်ခဲ့သူ ၉ ယောက်ထဲမှာ ၈ ယောက်က အမျိုးသမီးတွေဖြစ်ပြီး သူတို့ထဲမှာ တစ်ယောက်ကတော့ အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

ရှီရာအီရှီ သတ်ခဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်သူတွေဖြစ်ပြီး အသတ်ခံရဖို့ သဘောတူညီခဲ့သူတွေဖြစ်လို့ စွဲချက်တွေကို လျှော့ပေါ့ပေးဖို့ အစောပိုင်းမှာ ရှီရာအီရှီရဲ့ ရှေ့နေတွေက လျှောက်လဲခဲ့ပါသေးတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ ရှီရာအီရှီက ဇီဝိန်ချုပ်အောင် ကူညီပေးမယ်ဆိုပြီး သူ့ရဲ့သားကောင်တွေကို ဖျားယောင်းခဲ့တာပါ။ တချို့ဖြစ်ရပ်တွေမှာတော့ သူတို့နဲ့အတူ သူ့ကိုယ်သူ အဆုံးစီရင်မယ်လို့ ပြောခဲ့ပါတယ်။

Ref: BBC ” Japan ‘Twitter killer’ sentenced to death”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top