ပိုးသတ်သန့်စင်ပေးဖို့လိုတဲ့ သင့်ကားရဲ့အစိတ်အပိုင်းတချို့

27-4-2020-yyl-027.jpg

COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်းမှာ ကျွန်တော်တို့ လျစ်လျူရှုထားမိနေတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ သင့်ရဲ့ကားပါပဲ။ လက်ရှိအချိန်မှာ ကားအသုံးပြုတဲ့ အချိန်နည်းပေးမဲ့ အိမ်အတွက် ပစ္စည်းတစ်ခုခုထွက်ဝယ်တဲ့အခါမှာတော့ သင့်ကားကို မဖြစ်မနေ အသုံးပြုရမှာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ကားကို နေ့တိုင်း ဂရုစိုက်သန့်ရှင်းပေးပစ်ကြမှာပါ။ အခုလည်း အဲဒီလို လုပ်ဆောင်ပေးသင့်ပါတယ်။ ရောဂါဖြစ်ပွားနေချိန်မှာ သင့်ရဲ့ကားကို သန့်စင်ပေးတာ၊ ပိုးသတ်ပေးတာတွေ လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကားကို သန့်စင်တဲ့အခါမှာ ကားအပြင်ဘက်ကို ဦးစားပေးလုပ်ပေးဖြစ်ကြပါတယ်။ အဲဒါထက် ပိုပြီး အာရုံစိုက် ပိုးသတ်သန့်စင်ပေးသင့်တဲ့ ကား အစိတ်အပိုင်းတချို့ရှိပါတယ်။ အဲဒီအစိတ်အပိုင်းတွေကတော့ သင့်လက်နဲ့ ထိတွေ့မှုအများဆုံးအရာတွေပါပဲ။

ကားလက်ကိုင်ခွေနဲ့ ဂီယာ

ကားမှာ လက်နဲ့ထိတွေ့မှုအများဆုံးကတော့ ကားလက်ကိုင်ခွေနဲ့ဂီယာပါပဲ။ အဲဒီအစိတ်အပိုင်းတွေကို ပုံမှန်လိုလို ပိုးသတ်သန့်စင်ပေးဖို့လိုပါတယ်။ ကားလက်ကိုင်ခွေတစ်ခုလုံး သေချာသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ဂီယာကိုလည်း ထိပ်ကနေ အောက်ထိ ဘေးဘက်တွေကို ပိုးသတ်ဆေးနဲ့ နှံ့နှံ့စပ်စပ်သုတ်ပြီး သန့်စင်ပေးသင့်ပါတယ်။

ကားတံခါး

ကားတံခါးတွေကလည်း လက်နဲ့ ထိတွေ့မှုအများဆုံးဆိုတာ သိသာပါတယ်။ ကားထဲဝင်တဲ့၊ ထွက်တဲ့အခါတိုင်း ကားတံခါးကို လက်နဲ့ထိတွေ့ကြရပါတယ်။ ဒါကြောင့် ကားတံခါးတွေကို သေချာပေါက် ပိုးသတ်သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ တံခါးလက်ကိုင်၊ အတွင်းအပြင်နှစ်ခုလုံးကို အချိန်ယူပြီး သေသေချာချာလေး သန့်စင်ပေးသင့်ပါတယ်။

ဒိုင်ခွက်ဘောင် (Dashboard)

ဒိုင်ခွက်ဘောင်ကို အမြဲတမ်းမထိတွေ့မိပေမဲ့ အဲဒါကိုလည်း ပိုးသတ်သန့်စင်ပေးဖို့လိုပါတယ်။ ကားမီးခလုတ်၊ လေအေးပေးစနစ်ခလုတ်တို့ကိုလည်း သန့်စင်ပေးသင့်ပါတယ်။ ဒိုင်ခွက်ဘောင်တွေက ပလတ်စတစ်နဲ့အများဆုံးပြုလုပ်ထားတဲ့အတွက် ပိုးသတ်သန့်စ်ပေးဖို့ ပိုပြီးအရေးကြီးပါတယ်။ ဗိုင်းရပ်စ်က အခြားနေရာတွေထက် ပလတ်စတစ်ပေါ်မှာ အချိန်အကြာကြီးနေနိုင်တယ်လို့ ကျွန်တော်တို့သိထားကြပါတယ်။

Touch Screens နဲ့ Radio System

ဘယ်ကားမဆို အခွေနဲ့ သီချင်းနားထောင်ရတဲ့၊ ဇာတ်ကားကြည့်လို့ရတဲ့ Touchscreen ပါရှိပါတယ်။ Touchscreens ကို လက်နဲ့ထိပြီးအသုံးပြုရတာဖြစ်တဲ့အတွက် သန့်စင်ပေးဖို့ ချန်ထားခဲ့လို့မရတဲ့အရာပါပဲ။ ကားထဲက တစ်ခုခုကို သင့်လက်နဲ့ ထိမိမယ်ဆိုရင် အဲဒါတွေကို ပိုးသတ်ပေးသင့်ပါတယ်။ Touchscreen မဟုတ်ဘဲ ရေဒီယိုစနစ်နဲ့ သီချင်းနားထောင်ရတာဆိုရင် အဲဒါကိုလည်း သေချာသန့်စင်ပေးသင့်ပါတယ်။

ထိုင်ခုံ

သင့်ကျန်းမာရေးအတွက် ကားထိုင်ခုံတွေကိုလည်း ပိုးသတ်ပေးသင့်ပါတယ်။ ခရီးသည်ထိုင်တဲ့ထိုင်ခုံတွေနဲ့ လက်နဲ့ထိတွေ့မိတဲ့ ထိုင်ခုံနောက်ဘက်တွေကိုလည်း ပိုးသတ်သန့်စင်ပေးဖို့လိုပါတယ်။ ကားခါးပတ်ကိုလည်း မဖြစ်မနေ လက်နဲ့ကိုင်ပြီး ဝတ်ရတဲ့အတွက် ဒါကိုလည်း ပိုးသတ်ပေးသင့်သလို စားသောက်ကုန်တင်တဲ့နေရာကိုလည်း ပိုးသတ်ပေးဖို့ မမေ့သင့်ပါဘူးနော်။

Ref: Coronavirus tips: 5 things in your car you definitely need to disinfect now!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top