မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံး ဗီတာမင်နဲ့ အာဟာရဓါတ်များ

business-woman.jpg

မျက်စိ ဆိုတာ ခန္ဓါကိုယ်မှာ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲပါဝင်ပါတယ်။ အမြင်အာရုံမကောင်းရင် လူရဲ့လုပ်ဆောင်နိုင်စွမ်းကျဆင်းရသလို ထိခိုက်မှုအန္တရာယ်တွေလည်း မကာကွယ်နိုင်တော့ပါဘူး။

ဒါ့ကြောင့် အမြင်အာရုံအတွက် လိုအပ်တဲ့ဗီတာမင်တွေအလုံအလောက်ရဖို့က ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ မျက်စိနဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကတော့ –

ဗီတာမင် C

ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လိမ္မော်သီး၊ ကီဝီ ၊စတော်ဘယ်ရီလို သီးနှံတွေနဲ့ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်လေ့ရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပြင် မျက်စိအတွင်းတိမ်မဖြစ်စေဖို့ကာကွယ်ပေးနိုင်တယ်၊ အသက်အရွယ်ကြောင့်အမြင်အာရုံချို့ယွင်းမှုအတွက် လိုအပ်တဲ့ဗီတာမင်ဓါတ်တွေကိုထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ကလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို လုပ်ဆောင်ပေးပြီး မျက်စိအတွင်းတိမ်ြဖစ်ခြင်းနဲ့အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့ တို့လို အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် A

ဗီတာမင် A ဟာ ညဘက်မြင်နိုင်စွမ်း၊ အနာကျက်ခြင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့အာဟာရဓါတ်ဖြစ်ပါတယ်။ ဗီတာမင် A က အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းဖြစ် စဉ်ကိုနှေးကွေးစေပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ခရမ်းချဉ်သီးတို့မှာပါဝင်တတ်တဲ့ ဗီတာမင် A ကို မျက်စိအားဆေးပုံစံနဲ့လည်းသောက်သုံးကြပါတယ်။

ဗီတာမင် Bcomplex

Burplex လို့သိထားကြတဲ့ ဗီတာမင် B complex ဆိုတာ ဗီတာမင်B1၊ B2၊ B3၊ B5၊ B6၊ B12 ၊ folic acid, biotin နဲ့ choline တို့ပါဝင်တာဖြစ်ပါတယ်။B complex အုပ်စုဝင် ဗီတာမင်တွေဟာ နာတာရှည်ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီးသွေးတွင်းhomocysteine ပမာဏများနေခြင်းကို ကာကွယ်ပေးပါတယ်။ homocysteine က မျက်ကြည်လွှာကိုထိခိုက်စေတဲ့သွေးကြောဆိုင်ရာပြဿနာတွေကိုဖြစ်စေပါတယ်။ ဗီတာမင် Bတွေဟာ မျက်စိမှုန်ခြင်းနဲ့ မျက်စိရောဂါေတွကို အန္တရာယ်လျော့နည်းစေဖို့ ကူညီပေးပါတယ်။

Lutein

Lutein က ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် တွေမှာတွေ့ရတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ မျက်ကြည်လွှာအတွက် အကျိုးပြုတဲ့ ဒီဓါတ်က အမြင်အာရုံ အတွက်တော်တော်ကို အရေးပါပါတယ်။lutein နဲ့zeaxanthin တို့လို ဓါတ်တွေဆီက ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွရရှိနိုင်ပြီး အတွင်းတိမ်နဲ့ အမြင်မှုန်ဝါးခြင်းလိုမျိုး ရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Zeaxanthin

Carotenoids ဓါတ်အမျိုးအစားပေါင်း ၆၀၀ကျော်ရှိပေမယ့် ၂၀ ခန့်ကပဲ မျက်စိကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ Lutein နဲ့ zeaxanthin က မြင်လွှာရဲ့အလယ်ကmacula အစိတ်အပိုင်းကို နူးညံ့စေပြီး မျက်စိတစ်ရှူး၊ မှန်ဘီလူးနဲ့macula အပိုင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မြင်ကွင်းရှင်းလင်းစေပြီး ရုတ်တရက်မှုန်ဝါးခြင်း။ အလင်းရောင်မခံနိုင်ခြင်းနဲ့ အတွင်းတိမ်လိုမျိုး မျက်စိရောဂါတွေကို ကာကွယ်ပေးပါတယ်။

Omega-3 Fatty Acids

Omega-3 Fatty Acids ဟာ ခန္ဓါကိုယ်အနှံ့က တစ်ရှူးတွေအတွက်ကောင်းမွန်တဲ့အကျိုးပြုအဆီေတွဖြစ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ အမြင်အာရုံထိခိုက်မှုကို ကာကွယ်ပေးပါတယ်။

မျက်စိအားကောင်းစေတဲ့ ဒီလိုဗီတာမင်နဲ့ အာဟာရဓါတ်တွေကို ဘယ်ကအများဆုံးရနိုင်မလဲ –

မုန်လာဥနီ

အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ (ဥပမာ – ကိုက်လန်၊ ဟင်းနုနွယ်) ဂေါ်ဖီထုပ်မျိုးနွယ်ဝင်

ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ)

ချိုချဉ်အသီးတွေ(လိမ္မော်သီး၊ဂရိတ်ဖရု၊ သံပရာသီး)

ကန်စွန်းဥ

ပဲစိမ်း

ကြက်ဥ

ဘယ်ရီသီးတွေ

သင်္ဘောသီး၊သရက်သီး၊ ကီဝီသီး၊ဖရဲသီးနဲ့ မာလကာသီး

ပြောင်းဖူး အစေ့အဆန် (နေကြာစေ့၊နှမ်း၊ဟေဇယ်သီး၊ဗာဒံစေ့)

ပင်လယ်စာတွေ၊ omega-3 နဲ့zinc ပါဝင်မှုများတဲ့ အစားအစာတွေ(ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းနဲ့ တူနာငါး)တို့ကနေ ရရှိနိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top