ဗြိတိန်နိုင်ငံရဲ့ Booking အများဆုံးတင်တဲ့ Airbnb

24.4.2023-yyl-iamge-10.jpg

The AirShip 002. See SWNS story SWNJbnb. The couple behind one of the UK's most booked Airbnbs say the innovative construction only took ten days to construct. Architect Roderick James, 75, and his interior designer wife Amanda Markham, designed and built the AirShip 002 in 2018 as part of their company, Out of the Blue Ltd. The "remote, cosy, compact, aluminium clad capsule structure" looks like a futuristic air ship and features breath-taking Highland views from floor to ceiling. The £165 a night accommo

ဗြိတိန်နိုင်ငံရဲ့ ငှားရမ်းနေထိုင်လိုမှုအများဆုံး Airbnb အဖြစ် AirShip 002 က နံပါတ် ၁ ချိတ်ပါတယ်။ ဗိသုကာပညာရှင် ရိုဒရစ်ဂျိမ်းစ်နဲ့ အိမ်အတွင်းပိုင်း မွမ်းမံပြင်ဆင်သူဖြစ်တဲ့ ဇနီးသည် မာခမ်းတို့က ၂၀၁၈ ခုနှစ်မှာ တည်ဆောက်ခဲ့ကြတာပါ။

အနာဂတ်မှာ ခေတ်စားလာမယ့် လေသင်္ဘောပုံစံ ဖန်တီးထားတဲ့ AirShip 002 ကို ပေါင် ၁ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။ AirShip 002 မှာ အစိတ်အပိုင်းပေါင်း ၃၀၀၀ လောက် ပါဝင်ပြီး အဲဒီအစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ၃၊ ၄ လ ကြာမြင့်ခဲ့ပေမဲ့ တည်ဆောက်ချိန်ကတော့ ၁၀ ရက်ပဲ ကြာခဲ့ပါတယ်။

အဆောက်အအုံပတ်ပတ်လည် မြင်ကွင်းကို မြင်တွေ့ခံစားနိုင်မယ့် ဒီဇိုင်းမျိုးပါ။ စကော့တလန်နိုင်ငံ ကုန်းမြင့်ဒေသမှာ တည်ဆောက်ထားတဲ့ AirShip 002 မှာ တစ်ရက်တည်းခိုစရိတ် အမေရိကန်ဒေါ်လာ ၂၀၅ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်က ဗြိတိန်နိုင်ငံမှာ Booking အများဆုံးတင်တဲ့ Airbnb ဖြစ်ခဲ့ပြီး နောက်တစ်နှစ်စာအထိ Booking ပြည့်သွားခဲ့လို့ ဆောက်လုပ်စရိတ် ကျေခဲ့ပါတယ်။

Ref: Couple Builds Airbnb in Just 10 Days – The Stunning Airship is Now a Top-Requested Property

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top