ရှရွတ်ခန်းရဲ့သား မူးယစ်ဆေးမှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီးနောက် အာမခံလျှောက်ထား

4-10-2021yyl01.png

စနေနေ့ညက မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်း (NCB) က မွမ်ဘိုင်းကမ်းရိုးတန်းကနေ ရွက်လွင့်လာတဲ့ အပျော်စီးသ‌င်္ဘောပေါ်ကျင်းပတဲ့ ပါတီတစ်ခုမှာ မူးယစ်ဆေးကို အရပ်ဝတ်နဲ့ အလစ်ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အဲဒီပါတီမှာရှိနေတဲ့ မူးယစ်ဆေးမှုနဲ့ သံသယရှိတဲ့ လူ (၈) ဉီးကို NCB ကဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူ (၈) ဉီးမှာ ဘောလီဝုဒ်မင်းသားကြီး ရှရွတ်ခန်း (Shah Rukh Khan) ရဲ့သား အာရန် ခန်း (Aryan Khan) ပါဝင်ခဲ့ပါတယ်။ အစကတော့ အာရန်ခန်း မူးယစ်ဆေးမှုနဲ့ ထိန်းသိမ်းခံရတယ်ဆိုတဲ့ ထွက်ရှိလာတဲ့ သတင်းတွေကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ သူ့ဖခင် ရှရွတ်ခန်းကို အိမ်ကနေ ထွက်ခွာပြီး ရှေ့နေရုံးသွားတာကို မြင်တွေ့ပြီးတဲ့နောက်မှာတော့ ဒီသတင်းက သေချာသွားခဲ့တာပါ။ NCB အလစ်ဝင်ရောက်ရှာဖွေပြီးတဲ့နောက် ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ အာရန် ခန်းပါဝင်နေပါတယ်။

အာရန် ခန်းကို ကျန်တဲ့လူ (၇) ဦးနဲ့အတူ အောက်တိုဘာ ၃ ရက်နေ့ မနက်ခင်းမှာ ဖမ်းဆီးပြီး အောက်တိုဘာ ၄ ရက်နေ့ဒီကနေ့ထိ ထိန်းသိမ်းထားခဲ့တာပါ။ အောက်တိုဘာ ၄ ရက်နေ့မှာတော့ NBC က မွမ်ဘိုင်းမှာ VVIP တွေကို မူးယစ်ဆေးရောင်းတာနဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးရောင်းချသူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာပဲ အာရန်ခန်းရဲ့ရှေ့နေ ဆာတစ် မာနီရှင်ဒီ (Satish Maneshinde) က အာရန်အတွက် အာမခံလျှောက်ထားခဲ့ပါတယ်။ ဆာတစ်ကတော့ သူ့ရဲ့အမှုသည်ဟာ ပွဲစီစဉ်သူတွေဖိတ်ကြားလို့ အပျော်စီးသ‌င်္ဘော ပါတီမှာ ရှိနေခဲ့တာပါ။ သ‌င်္ဘောပေါ်မှာ သူ့ရဲ့နာမည်နဲ့ ထိုင်ခုံလက်မှတ်၊ဝင်ခွင့်လက်မှတ်တောင်မရှိပါဘူး။ သူ့ကိုယ်ပေါ်မှာလည်း မူးယစ်ဆေးနဲ့ပတ်သက်တာ ဘာမှမတွေ့ပါဘူး။ မူးယစ်ဆေးသုံးစွဲထားတာလည်းမရှိပါဘူး။ ဖုန်းထဲက Chat တွေကို မြင်တာနဲ့ ဖမ်းဆီးခံရတာပါ”လို့ ပြောခဲ့ပါတယ်။ အာရန်ခန်းရဲ့အာမခံလျှောက်ထားမှုကို အောက်တိုဘာ ၄ ရက်နေ့ ညနေခင်းမှာ ကြားနာသွားမှာဖြစ်ပါတယ်။

အာရန်ခန်းနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျန်တဲ့သူတွေကိုတော့ ဆေးစစ်ပြီးတဲ့နောက် ရုံးထုတ်သွားမှာဖြစ်ပါတယ်။ အပျော်စီးသ‌င်္ဘောပေါ်မှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်တဲ့ ဖြန့်ဝေသူတွေ၊ ရောင်းချသူတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေကြားမှာ ပတ်သက်မှုရှိတယ်ဆိုတဲ့ သက်သေရှိတယ်လို့တော့ NCB က အောက်တိုဘာ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Ref: TOI & NDtv “Aryan Khan to apply for bail today; NCB detains drug peddler in cruise rave bust case”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top