ကလေးမီးမဖွားခင် နာရီပိုင်းအလို ဆေးရုံမှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲ

23.2.24-yyl-2.jpg

မစ်ဆိုရီပြည်နယ်က စုံတွဲတစ်တွဲဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူတို့ရဲ့ ရင်သွေးလေးကို မမြင်တွေ့ရခင် နာရီပိုင်းအလို ဆေးရုံမှာ လက်ထပ်ခဲ့ကြပါတယ်။ ဆာရာနဲ့ ဘရန်ဒန် ပယ်ရီဆိုတဲ့ သူတို့စုံတွဲဟာ အစက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ သူတို့ရဲ့ရင်သွေးလေး မွေးဖွားလာမယ့် ထူးခြားတဲ့နေ့မှာ လက်ထပ်ဖို့ ဖြစ်သွားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆာရာက ကိုယ်ဝန် ၃၅ ပတ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ သူ အိပ်ယာနိုးတဲ့အချိန် ရေမြွှာပေါက်တော့မယ့်လက္ခဏာပြနေပြီဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါကြောင့် Saint Luke’s East Hospital ကို တက်ရောက်ခဲ့ပြီး အဲ့ဒီမှာ ဆေးရုံဝန်ထမ်းတစ်ဦးကို သူတို့စုံတွဲ မင်္ဂလာပွဲလွတ်သွားတော့မယ်လို့ ဆာရာက ထုတ်ပြောဖြစ်ခဲ့ပါတယ်။

ဆေးရုံဝန်ထမ်းတွေရဲ့အကူအညီနဲ့ ဆာရာတို့စုံတွဲဟာ ကလေးမီးမဖွားခင် နာရီပိုင်းအလို ဆေးရုံမှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ လက်ထပ်စာချုပ်ကအစ စီစဉ်ပေးခဲ့ကြပါတယ်။ သူတို့လက်ထပ်ပြီး ၉ နာရီအကြာမှာ အိုလီ‌ဗာဆိုတဲ့ သားလေးကို ဆာရာ မွေးဖွားခဲ့ပါတယ်။ အခုဆို ၈ ရက်သားအရွယ် အိုလီဗာက မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ၁ ပတ်ကုန်ဆုံးခဲ့ရပေမဲ့ ကျန်းမာသန်စွမ်းပြီး ကြာသပတေးနေ့က ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။

ဆာရာတို့ဇနီးမောင်နှံက သူတို့ရည်မှန်းထားတဲ့မင်္ဂလာပွဲကို အခုနှစ်ကုန်လောက်ကျ မက္ကဆီကိုမှာဖြစ်ဖြစ် ကာရေဘီယံနိုင်ငံတစ်ခုမှာဖြစ်ဖြစ် လုပ်ဖို့ စီစဉ်နေဆဲပါပဲ။

Ref: Couple marries at hospital hours before welcoming baby

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply