ဆိုက်ပရက်စ်ကို အလည်လာရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ခရီးသည်တွေအတွက် အစိုးရက စရိတ်အကုန်အကျခံပေးမယ်

28-5-2020-yyl-007.jpg

ဆိုက်ပရက်စ်နိုင်ငံကို အလည်အပတ် လာရောက်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံးအတွက် အားလပ်ရက်ကုန်ကျစရိတ် စိုက်ထုတ်ပေးမယ်လို့ ဆိုက်ပရက်စ်အစိုးရက ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လူသိရှင်ကြား ထုတ်ပြန်ခဲ့တဲ့ စာထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ သူတို့ရဲ့မိသားစုတွေအတွက် တည်းခိုစရိတ်၊ ဆေးဖိုးဝါးခနဲ့ စားစရိတ်ကို ကုန်ကျခံပေးမယ်လို့ အစိုးရက ပြောပါတယ်။ ခရီးသည်တွေက လေဆိပ်သွားတဲ့စရိတ်နဲ့ အပြန်လေယာဉ်လက်မှတ်ခဖိုးပဲ ကျခံရမှာပါ။ ဒါဟာ ဆိုက်ပရက်စ်ကျွန်းကို ခရီးသည်တွေ ပြန်လည်ဝင်ရောက်လာအောင် ရည်ရွယ်တဲ့ စည်းမျဉ်းတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆိုက်ပရက်စ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၃၉ ယောက်၊ သေဆုံးသူ ၁၇ ယောက် ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ခရီးသွားလုပ်ငန်းဝင်ငွေက ဆိုက်ပရက်စ်နိုင်ငံ အသားတင်ကုန်ထုတ်လုပ်မှုရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီအတွက် ဆိုက်ပရက်စ်အစိုးရက ခရီးသွားတွေ အမြန်ဆုံး ပြန်လည်ဝင်ရောက်လာအောင် ကြိုးပမ်းနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ခရီးသည်တွေကို သီးသန့်ကုသပေးနိုင်ဖို့အတွက် ခုတင် ၁၀၀ ဆေးရုံတစ်ခုကို သီးသန့်ဖယ်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် လူနာမိသားစုအတွက်လည်း အသွားအလာကန့်သတ်မှု ခံယူရာ ဟိုတယ်တွေ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top