အိန္ဒိယဆေးရုံမှာ COVID-19 ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေထံကနေ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် ၁၀၀ ကျော် မွေးဖွားနိုင်ခဲ့

22-5-2020-yyl-043.jpg

အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့က ဆေးရုံတစ်ခုမှာ COVID-19 ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထံကနေ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် ၁၀၀ ကျော် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက လိုမန်ယာတီလက် အထွေထွေဆေးရုံမှာ ရောဂါပိုးရှိသူမိခင်တွေဆီကနေ ကလေးငယ် ၁၁၅ ယောက် မွေးဖွားပေးနိုင်ခဲ့ပြီး သုံးယောက်က ကနဦးစစ်ဆေးမှုမှာ ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့ နောက်ထပ်စစ်ဆေးမှုတွေမှာတော့ ရောဂါပိုးကင်းစင်ခဲ့ပါတယ်။

အဲဒီဆေးရုံမှာ COVID-19 ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး တစ်ယောက်ကတော့ မီးမဖွားခင် သေဆုံးခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ ဖျော်ဖြေရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ဟာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်နေပြီး ရောဂါကူးစက်ခံရသူ ၂၄၀၀၀၊ သေဆုံးသူ ၈၄၀ ကျော် ရှိနေပါတယ်။ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်တွေထဲမှာ တစ်ဝက်ကျော်ကို ခွဲမွေးခဲ့ရပြီး တခြားသူတွေကတော့ ရိုးရိုးမွေးခဲ့တာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top