မိတ်ကပ်ချစ်သူတွေ လိုက်နာသင့်တဲ့ အသားရေထိန်းသိမ်းနည်းတွေ

19-3-2020-yyl-0018.jpg

တချို့မိန်းကလေးတွေက မိတ်ကပ်လိမ်းရတာ ကြိုက်တဲ့အပြင် အသားရေထိန်းသိမ်းရတာကိုလည်း ကြိုက်ကြပါတယ်။ မိတ်ကပ်လိမ်းတာ ကြိုက်တယ်ဆိုရင် အသားရေကိုလည်း သေချာပေါက် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အသားရေကြည်လင်လှပချင်တဲ့ မိတ်ကပ်ချစ်သူတွေက အသားရေထိန်းသိမ်းနည်းတချို့ကို လိုက်နာသင့်ပါတယ်။ အသားရေကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့အတွက် လိုက်နာရမယ့် အလှအပထိန်းသိမ်းနည်းတွေကတော့

မိတ်ကပ်ဖျက်တဲ့အခါ ညင်ညင်သာသာလေးဖျက်ပါ

မိတ်ကပ်ဖျက်တဲ့အခါ အသားရေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်ဖျက်တာတွေမလုပ်မိပါစေနဲ့။ ဖျက်ရခက်တဲ့မိတ်ကပ်တွေကို ဖယ်ရှားဖို့အတွက် မိတ်ကပ်ကို အလွယ်တကူဖယ်ရှားပေးတဲ့ အဆီပါဝင်တဲ့ မိတ်ကပ်ဖျက်ဆေး အသုံးပြုလို့ရပါတယ်။ ဝါဂွမ်းကိုအသုံးပြုပြီး မိတ်ကပ်ကို ညင်ညင်သာသာလေး ဖျက်ပေးသင့်ပါတယ်။

နှစ်ခါသန့်စင်ပေးပါ

အသားရေကို သေသေချာချာသန့်စင်ဖို့အတွက် မျက်နှာကို နှစ်ခါ သန့်စင်ပေးလို့ရပါတယ်။ အရင်ဆုံး ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် အဆီပါဝင်တဲ့မျက်နှာသစ်ဆေးကို အသုံးပြုပြီး အဲဒီနောက်မှာ ပုံမှန်မျက်နှာသစ်ဆေးကို အသုံးပြုနိုင်ပါတယ်။ နှစ်ခါသန့်စင်ပေးတာက အသားရေကို အာဟာရဖြည့်ပေးရင်းနဲ့ အသားရေကို သန့်စင်သွားအောင် ကူညီပေးမှာဖြစ်ပါတယ်။

Moisturiser သုံးပေးပါ

မိတ်ကပ်ကို နေ့တိုင်းလိမ်းတာက သင့်အသားရေကို ရေဓာတ်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းခင် နဲ့ မိတ်ကပ်ဖယ်ရှားပြီးနောက် အသားရေကို ရေဓာတ်ဖြည့်ပေးတဲ့ အလေ့အကျင့်ရှိထားသင့်ပါတယ်။ ရေဓာတ်ကို နှစ်ဆရချင်ရင် မိတ်ကပ်မလိမ်းခင် face oil နဲ့ serum တို့ကိုလည်း အသုံးပြုလို့ရပါတယ်။

သင့်မျက်နှာကို ထိတွေ့တဲ့အရာတိုင်းကို သန့်စင်ပါ

မိတ်ကပ်ဘရပ်ချ်နဲ့ ပစ္စည်းတွေကို နေ့စဉ်အသုံးပြုတယ်ဆိုရင် အဲဒါတွေကိုလည်း သန့်စင်ပေးဖို့လိုပါတယ်။ ဘရပ်ချ်တွေကို တစ်လ နှစ်ကြိမ် သန့်ရှင်းပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုပြီးတိုင်း သန့်သန့်ရှင်းရှင်းထားတတ်တဲ့ အလေ့အကျင့်ရှိထားသင့်ပါတယ်။

Primer လိမ်းပါ

မိတ်ကပ်ကြောင့် သင့်အသားရေမပျက်စီးအောင် ကာကွယ်ဖို့အတွက်Primer ကိုလည်း အသုံးပြုသင့်ပါတယ်။ Primerက မိတ်ကပ်ကြောင့် ချွေးပေါက်တွေမဖြစ်အောင်၊ ဝက်ခြံတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Ref: 5 skin care tips every make-up lover should follow

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top