ဗြိတိန်မှာ ကူးစက်မြန်တဲ့ ကိုဗစ်မျိုးဗီဇသစ် တွေ့ရှိခဲ့လို့ ဥရောပနိုင်ငံတွေက ဗြိတိန်ခရီးသည်တွေကို ပိတ်ပင်

21-12-2020-yyl01.jpg

ကူးစက်မြန်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့အတွက် ဥရောပနိုင်ငံ တော်တော်များများက ဗြိတိန်နိုင်ငံက လာရောက်သူတွေကို ပိတ်ပင်လိုက်ပါပြီ။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ၂ နိုင်ငံလုံးက ဗြိတိန်လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံထံ ရထားပြေးဆွဲမှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေကလည်း အလားတူ ပိတ်ပင်မှုလုပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ပြန့်ပွားမှုတွေ မြင့်တက်နေတဲ့ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေနဲ့ လန်ဒန်မြို့မှာ ခရစ္စမတ်ကာလ စည်းမျဉ်းဖြေလျှော့ပေးမယ့် အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။ မျိုးဗီဇသစ်က အသက်အန္တရာယ်ပိုရှိတာ၊ ကာကွယ်ဆေး မတိုးတာ အစရှိတဲ့ အထောက်အထားမျိုး မတွေ့ရပေမဲ့ ၇၀ ရာခိုင်နှုန်းအထိ ပိုပြီးကူးစက်မြန်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

နယ်သာလန်၊ ဒိန်းမတ်နဲ့ သြစတြေးလျနိုင်ငံတွေမှာလည်း အဲဒီမျိုးဗီဇကို ရှာဖွေတွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောပါတယ်။ မျိုးဗီဇသစ် တွေ့ရှိမှုနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံ အရာရှိတွေနဲ့ မပြတ်တမ်းဆက်သွယ်ဆောင်ရွက်နေတယ်လို့ (WHO)က ဆိုပါတယ်။

Ref: BBC ” Covid: Belgium and Netherlands ban flights from UK over variant”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply