မြန်မာနိုင်ငံကို ရက်ပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိနိုင်မယ်လို့ ဆို

21-1-2021-yyl-35.jpg

အိန္ဒိယအစိုးရထုတ်ပြန်ချက်အရ ကာကွယ်ဆေးတွေကို ဇန်နဝါရီ ၂၀ ရက်ကတည်းက စတင်ပေးပို့နေပြီဖြစ်တဲ့ အတွက် မြန်မာနိုင်ငံကို ကာကွယ်ဆေးတွေ ရက်ပိုင်းအတွင်းရောက်ရှိလာနိုင်တယ်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက အသိပေးပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေးဟာ လူတစ်ဦးကို(၂)ကြိမ်ထိုးရမှာဖြစ်တဲ့အတွက် လူဦးရေ ၁၅ သန်းကို ထိုးနှံနိုင်ဖို့ အဖုံသန်း ၃၀ စာ ဝယ်ယူရေးသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၄ ရက်မှာ ချုပ်ဆိုခဲ့တာ ဖြစ်ပြီးတော့ ဇန်နဝါရီ ၅ ရက်မှာ ကုန်အမှာစာပို့လိုက်တာဖြစ်ပါတယ်။

” ဆေးက COVISHIELD လို့ ခေါ်တယ်။ အောက်စဖို့ဒ်ကထုတ်တဲ့ဆေးကို အိန္ဒိယမှာ ယူပြီးထုတ်တာ။ ဘာလို့ ဒီဆေးကို သုံးရလဲဆိုရင် ဒီဆေး သိုလှောင်ထိန်းသိမ်းနိုင်မှုအနေအထားက မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက်ဖြစ်တယ်”လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို သိုလှောင်ထိန်းသိမ်းရာမှာ တချို့ကာကွယ်ဆေးတွေက အနုတ် ၇၀ ဒီဂရီဆဲလ်စီးယက်နဲ့ သိုလှောင်ထားရတာဖြစ်ပေမယ့် အခုမှာယူထားတဲ့ ကာကွယ်ဆေးကတော့ ၂ ဒီဂရီဆဲလ်စီးယက်ကနေ ၈ ဒီဂရီဆဲလ်စီးယက်အတွင်းမှာ သိုလှောင်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

အခုလို မှာယူထားတဲ့ လူဦးရေ ၁၅ သန်းစာအတွက် ကာကွယ်ဆေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြစ်ပြီး နှစ်ကြိမ်ခွဲပေးဖို့ သဘောတူထားတာဖြစ်တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top