လေယာဉ်ပေါ်မှာ နို့ဗူးကုန်သွားတဲ့ ကလေးငယ်ကို မိခင်အစား နို့တိုက်ကျွေးပေးတဲ့ လေယာဉ်မယ်

612662432_750x422.jpg

ဖိလစ်ပိုင်လေကြောင်းလိုင်းရဲ့ ဗုဒ္ဓဟူးနေ့ ပျံသန်းမှုခရီးစဉ်မှာ လေယာဉ်မယ် ပက်ထရီရှာ အော်ဂဲနို (Patrisha Organo) တစ်ယောက် တာဝန်ထမ်းဆောင်လို့ နေပါတယ်။ ခရီးစဉ်တစ်ဝက်လောက်ရောက်ချိန်မှာတော့ ကလေးငိုသံကြားတဲ့အတွက် လေယာဉ်မယ်တာဝန်ကနေ ကလေးအမေတာဝန်ကို ပြောင်းလဲ ဆောင်ရွက်ပေးခဲ့ရပါတယ်။

ပက်ထရီရှာမှာက အိမ်မှာကျန်ရစ်ခဲ့တဲ့ တစ်နှစ်အရွယ်သမီးလေး ရှိပါတယ်။ ဒါကြောင့် လေယာဉ်ပေါ်မှာ ကလေးငိုသံကြားတဲ့အခါ အိမ်ကသမီးလေးကို သတိရပြီး တာဝန်အရ အကျိုးအကြောင်း မေးခဲ့ပါတယ်။ နို့ဗူးကုန်သွားလို့ ကလေးငိုနေတာဖြစ်ကြောင်း မိခင်က ငိုမဲ့မဲ့ ပြောပြချိန်မှာတော့ မိခင်စိတ်အပြည့်ရှိတဲ့ လေယာဉ်မယ်မလေးက နို့တိုက်ကျွေးပေးချင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ နို့စို့ရချိန်မှာတော့ ကလေးလေးက အငိုတိတ်သွားပြီး မိခင်ရဲ့ မျက်ဝန်းအိမ်မှာလည်း စိတ်သက်သာရာရတဲ့ အရိပ်အယောင်သန်းသွားခဲ့ပါတယ်။

ပက်ထရီရှာက ကလေးနို့တိုက်ကျွေးနေတဲ့ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်ချိန်မှာတော့ တမဟုတ်ချင်းပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ “ဒီခရီးစဉ်က ရာထူးအသစ်ပြောင်းချိန်မှာ ပထမဆုံးအကြိမ် လိုက်ပါရတာဖြစ်ပြီး အမှတ်တရကောင်း ဖြစ်သွားခဲ့ပါတယ်။ ဒီလိုမျိုး နို့ဗူးကုန်သွားတဲ့ အခြေအနေမျိုးမှာ အမှတ်မထင် မိခင်နို့ အလွယ်တကူ ပေးနိုင်ခဲ့တဲ့အတွက် ကြည်နူးမှုက ပြောမပြတတ်အောင်ပါပဲ” လို့ ပက်ထရီရှာက ရေးသားခဲ့ပါတယ်။

Ref: msn.com “Flight attendant feeds hungry infant mid-flight after mother runs out of formula”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top