သားသမီးတွေကို စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ မိခင်ရဲ့ ချစ်ခြင်းမေတ္တာ

45747798_1206778982807179_8052944546197143552_n.jpg

မိခင်ဆီက နွေးထွေး ကြင်နာမှုရတဲ့ သားသမီးတွေက အသက်အရွယ် ရလာတဲ့အခါ ပိုပြီးကျန်းမာတယ်လို့ ဆိုကြပါတယ်။ ရင့်ကျက်တဲ့ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ ဒီလို ကလေးတွေက စိတ်ကျရောဂါ ဖြစ်နိုင်ချေနည်းတယ်လို့လည်း သုတေသနတွေအရ သိရပါတယ်။

မေတ္တာရိပ် လွှမ်းခြုံထားတဲ့အိမ်မှာ ကြီးပြင်းလာရတာက စိတ်ဖိစီးမှုလျော့ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေနဲ့ ရှေ့ဆက်ဖို့ လူတစ်ယောက်ကို တွန်းအားပေးနိုင်ပါတယ်။

မီချီဂန်ပြည်နယ်တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ လူလတ်ပိုင်းအရွယ် ၂၂,၀၀၀ ကျော်ကို နှစ်ပေါင်းကြာရှည် လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး သုတေသန စစ်တမ်းမှာ ပါဝင်သူတွေကို ကလေးဘဝ အရွယ်မှာ မိဘတွေက ဘယ်လောက်ထိ နားလည်မှုပေးတယ်ဆိုတာနဲ့ လူ့လောကကြီးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ သင်ကြားပေးခဲ့တယ် ဆိုတာကို မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် သူတို့မှာ လည်ပင်းကြီးရောဂါ၊ ဆီးချိုနဲ့ သွေးတိုးစတဲ့ ရောဂါလက္ခဏာ အမျိုးမျိုး ရှိနေလားဆိုတာကိုပါ မေးမြန်းခဲ့ပါတယ်။ စိတ်ကျရောဂါ လက္ခဏာနဲ့ပတ်သက်လို့ကတော့ ပြီးခဲ့တဲ့နှစ်ပတ်မှာ အားအင်ကုန်ခမ်းခြင်း၊ အာရုံစူးစိုက်လို့ မရခြင်း၊ ခံတွင်းပျက်ခြင်းနဲ့ ဝမ်းနည်းခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်ချင်း စတာတွေရှိလား ဆိုတာနဲ့ အကဲဖြတ်ခဲ့ပါတယ်။

ရလဒ်တွေအရတော့ မိခင်မေတ္တာကို လုံလောက် များပြားစွာ ရရှိထားတဲ့လူတွေက ပိုကျန်းမာပြီး စိတ်ကျရောဂါ မရှိတာကို တွေ့ရှိရပါတယ်။ ဖခင်ရဲ့ မေတ္တာရိပ်ကိုပါ ထပ်လောင်းရရှိထားသူတွေမှာလည်း စိတ်ကျလက္ခဏာ မရှိနေပါဘူး။ ဒါကြောင့် အမှတ်တရကောင်းတွေဆိုတာ ကိုယ်စိတ်နှလုံး ကျန်းမာရေးမှာ သက်ရောက်မှုရှိတာကြောင့် သားသမီးတွေကို မိဘမေတ္တာ အပြည့်အဝပေးနိုင်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref: dailymail.com “Mother’s love makes children healthier and less likely to be depressed in later life”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top