စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်သူ နှစ်ဦးကို ရွေးချယ်

Do_iPm3XoAAl6Zh.0.jpg

နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဟာ ၂၀၁၈ ခုနှစ် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုအတွက် ဝီလီယံနော့ဟတ်စ်နဲ့ ပေါ်ရိုမာတို့ကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦးဟာ ရာသီဥတုအပြောင်းလဲနဲ့ နည်းပညာပိုင်းက စီးပွားရေးအပေါ် ဘယ်လိုမျိုး သက်ရောက်မှုရှိနေတယ်ဆိုတဲ့အချက်ကို အဓိကထား သုတေသနလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆွီဒင်သိပ္ပံနဲ့ အကယ်ဒမီက ၎င်းတို့နှစ်ဦးဟာ အဓွန့်ရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို အချိန်ပေးဆောင်ရွက်ခဲ့တယ်လို့ ပြောကြားပါတယ်။

နော့ဟတ်စ်နဲ့ ရိုမာတို့ဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမှာဖြစ်ပါတယ်။ ယေးလ်တက္ကသိုလ် ပါမောက္ခနော့ဟတ်စ်ဟာ စီးပွားရေးနဲ့ ရာသီဥတု အပြောင်းလဲကြား ဖြစ်ပေါ်လာတဲ့ အပြန်အလှန် ဆက်နွှယ်မှုပုံစံကို ဖန်တီးနိုင်တဲ့ ပထမဆုံးသူ ဖြစ်ပါတယ်။ ဒါ့အပြင် နယူးယောက်တက္ကသိုလ်က ပါမောက္ခ ရိုမာဟာလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဖြစ်အောင် အဓိကကျတဲ့နည်းလမ်းတွေကို သုတေသနလုပ်ခဲ့သူဖြစ်တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောခဲ့ပါတယ်။

ဈေးကွက်စီးပွားရေးဟာ သဘာဝတရား၊ သိမှုပိုင်းဆိုင်ရာနဲ့ ဘယ်လိုဆက်နွှယ်လဲဆိုတာကို ပုံစံတွေနဲ့ ရှင်းပြခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တွေ့ရှိချက်တွေက စီးပွားရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတိုင်းအတာကို သိသိသာသာ ကျယ်ပြန့်ထိရောက်စေခဲ့တာ ဖြစ်ပါတယ်။

Ref: bbc “Economists win Nobel for work on climate and growth”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top