နှလုံးထိခိုက်မှုတွေကိုပြင်ဆင်ပေးမယ့် နှလုံးပန့်အပိုင်းအစ

62100758_2414370435260529_9165052217835651072_n.jpg

ပင်မဆဲလ်အရှင် သန်းနဲ့ချီပါဝင်တဲ့ နှလုံးပန့်အပိုင်းအစ(Pumping Heart Patch)ဟာ နှလုံးရောဂါဖောက်လို့ ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို ပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ သုတေသီတွေက ပြောပါတယ်။ လူနာရဲ့ ဆဲလ်နမူနာယူပြီး ဓာတ်ခွဲခန်းမှာ မွေးမြူဖန်တီးရမယ့် နှလုံးပန့်အပိုင်းအစဟာ အလျား (၃) စင်တီမီတာ၊ အနံ (၂) စင်တီမီတာရှိပါတယ်။

ခုန်နေတဲ့ နှလုံးပန့်အပိုင်းအစကို နှလုံးနဲ့တွဲချုပ်လိုက်ရင် ကျန်းမာသန်စွမ်းပြီး အလုပ်လုပ်နေတဲ့ ကြွက်သားအဖြစ် အသွင်ပြောင်းသွားမှာပါ။ အဲဒီအပိုင်းအစဟာ နှလုံးဆဲလ်တွေ ပြုပြင်ပေးနိုင်ပြီး နှလုံးဆဲလ်အသစ် ဖြစ်ပေါ်စေမယ့် ဓာတုပစ္စည်းတွေ ထုတ်လုပ်ပေးတယ်လို့ ဆိုပါတယ်။ လာမည့် (၂) နှစ်အတွင်း နှလုံးပန့်အပိုင်းအစကို လူနာတွေမှာ စတင်စမ်းသပ်တော့မှာပါ။ သွေးကြောထဲမှာ သွေးခဲပြီး နှလုံးကြွက်သားတွေထံ သွေးစီးဆင်းမှု ပိတ်ဆို့ခံရရင် အောက်ဆီဂျင်နဲ့ အာဟာရပြတ်လပ်သွားမှာဖြစ်ပြီး နှလုံးရောဂါဖောက်လာမှာပါ။ နှလုံးရောဂါဖောက်ရင် နှလုံးခုန်နှုန်းကိုထိခိုက်နိုင်ပြီး ကုသမရတဲ့ နှလုံးခုန်ရပ်တန့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top