ဘောလုံးသမိုင်းမှာ ဂိုး ၉၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမားအဖြစ် ရော်နယ်ဒို စံချိန်တင်

6.9.2024-yyl-3.png

ခရိုအေးရှားကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း ၉၀၀ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ နူနိုမန်ဒက်စ်ရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကို ရော်နယ်ဒိုက ပိတ်သွင်းပြီး ပေါ်တူဂီအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းခဲ့တာပါ။

ရော်နယ်ဒိုဟာ ကစားသမားဘဝ ပထမဆုံးဂိုးကို ၂၀၀၂ ခုနှစ်က စပို့တင်းလစ္စဘွန်းအတွက် သွင်းယူခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ မန်ယူအတွက် ကစားရင်း ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ရီးရဲလ်အတွက် ဂိုး ၄၅၀ ၊ မန်ယူအတွက် ၁၄၅ ဂိုး၊ ပေါ်တူဂီအသင်းအတွက် ၁၃၁ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုး၊ အယ်လ်နက်ဆာအတွက် ၆၈ ဂိုး၊ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသက် ၃၉ နှစ်အရွယ် ရှိနေပါပြီ။

Ref: Cristiano Ronaldo becomes first player in football history to score 900 GOALS after cool finish for Portugal against Croatia
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top