ဆေးရုံကနေအိမ်အပြန်လမ်းမှာ သေဆုံးသွားတဲ့ ဇနီးဖြစ်သူကို ပခုံးပေါ်ထမ်းပြီး ကီလိုမီတာအဝေးကြီး လမ်းလျှောက်ပြန်ဖို့လုပ်ခဲ့သူ

13.2.2023-image-6.jpg

အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်က အမျိုးသားတစ်ဦးဟာ ဆေးရုံကနေအိမ်အပြန်လမ်းမှာ သေဆုံးသွားခဲ့ဇနီးဖြစ်သူကို ပခုံးပေါ်ထမ်းပြီးတော့ ကီလိုမီတာအဝေးကြီး လမ်းလျှောက်ပြန်ဖို့လုပ်ခဲ့ပါတယ်။ ဆမူလူ ပန်ဂျီဆိုတဲ့ အဲဒီအမျိုးသားက Pottangi ဇာတိဖြစ်ပြီး နာမကျန်းဖြစ်နေတဲ့ ဇနီးဖြစ်သူ အီဒီ ဂူရူကို ကုသပေးဖို့ အန်ဒရာပရာဒစ်ပြည်နယ်က ဆေးရုံတစ်ခုကို လာရောက်ခဲ့တာပါ။ ဒါပေမဲ့ သူ့ဇနီးကို ဆေးရုံကလည်း ကုသပေးလို့မရတော့တဲ့အတွက် ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ သူ့အိမ်ဆီ ပြန်ခေါ်သွားဖို့ ဆရာဝန်တွေက အကြုံပြုခဲ့တာပါ။

သူတို့လင်မယားနှစ်ယောက်က သုံးဘီးနဲ့ အိမ်ပြန်ဖို့လုပ်ခဲ့ပေမဲ့ ရွာပြန်တဲ့လမ်းမှာ အီဒီ သေဆုံးသွားခဲ့ပါတယ်။ ဆမူလူရဲ့ဇနီးသေဆုံးသွားတဲ့အချိန်မှာ သုံးဘီးသမားက ခရီးဆက်ဖို့ ငြင်းဆန်ခဲ့ပြီး သူတို့ကို လမ်းမှာ ချထားခဲ့ပါတယ်။ မတတ်သာတဲ့အဆုံး ဆမူလူလည်း သူ့ဇနီးဖြစ်သူရဲ့အလောင်းကို ပခုံးပေါ်ထမ်းပြီး လမ်းလျှောက်ပြန်ဖို့လုပ်ခဲ့တာပါ။

ဒါပေမဲ့ ဇနီးဖြစ်သူရဲ့အလောင်းကို ထမ်းပြီး အိမ်ကို လမ်းလျှောက်ပြန်နေတဲ့သူ့ကို ဒေသခံတချို့ကမြင်ပြီး အန်ဒရာပရာဒစ်ပြည်နယ်ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ နောက်တော့ ရဲ (၂) ဦးက သူ့ဆီ ရောက်လာခဲ့ပါတယ်။ အစက အန်ဒရာပရာဒစ်ပြည်နယ်ရဲတွေက ဆမူလူ ပြောတဲ့စကားကို နားမလည်တဲ့အတွက် သတင်းယူဖို့ အခက်အခဲဖြစ်ခဲ့ရပါတယ်။ နောက်တော့ သြရိဿပြည်နယ်စကားကို နားလည်တဲ့ လူတစ်ယောက်ရဲ့အကူအညီနဲ့ ရဲတွေက ဆမူလူရဲ့ဝမ်းနည်းစရာဇာတ်လမ်းကို သိရှိခဲ့ရပါတယ်။ ရဲတွေက ဆမူလူနဲ့ သူ့ဇနီးဖြစ်သူရဲ့အလောင်းကို အရေးပေါ်လူနာတင်ယာဉ်နဲ့လည်း ရွာအထိ ပို့ဆောင်ပေးခဲ့ပါတယ်။

Ref: Odisha Man Walks Several Kilometres From Andhra Pradesh With Wife’s Body On His Shoulder

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top