ကမ္ဘာ့အမွေးအထူဆုံးသိုး သေဆုံး

yyl-25-005.jpg

ကမ္ဘာ့အမွေးအထူဆုံး သိုးအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ သိုး(Chris the Sheep)ဟာ သြစတြေးလျနိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ခရစ်ကို တောထဲကနေ တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ သိုးမွေးရိပ်မခံရတာ (၆)နှစ်လောက်ရှိတဲ့ အနေအထားပါ။ ထူထဲတဲ့ အမွေးတွေကြောင့် ခရစ်ရဲ့ပုံရိပ်က ကမ္ဘာတစ်လွှားမှာ ပျံ့နှံ့သွားခဲ့ပြီး သူ့ကို မွေးမြူချင်တဲ့သူ ရာနဲ့ချီရှိခဲ့ပါတယ်။ ခရစ်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သိုးမွေးအလေးချိန်က ပျမ်းမျှပမာဏထက် (၅)ဆနီးပါးရှိနေပြီး သူ့ရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

အဲဒါကြောင့် ခရစ်ကို အသက်ကယ်ဖို့ သိုးမွေးရိပ်ခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံရဲ့ သိုးမွေးရိပ်ချန်ပီယံ အယ်ကင်က သိုးမွေးရိပ်ရာမှာ ခရစ်ရဲ့ ခန္ဓာကိုယ်ကနေ သိုးမွေးအလေးချိန် ၈၈ ပေါင်ရခဲ့ပါတယ်။ ဒါဟာ သိုးတစ်ကောင်ကနေ သိုးမွေးအများဆုံးရရှိမှုအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ခရစ်ရဲ့ကိုယ်ကနေ ရိပ်ထားတဲ့ သိုးမွေးတွေကို သြစတြေးလျနိုင်ငံ အမျိုးသားသမိုင်းပြတိုက်မှာ ခင်းကျင်းပြသခဲ့ပါတယ်။ ခရစ်ဟာ အိုမင်းလာလို့ သေသွားခဲ့တာလို့ သူ့သခင်တွေက ပြောပါတယ်။ ခရစ်ဟာ ၁၀ နှစ်သားအရွယ်ရှိပြီး အဲဒီသက်တမ်းကတော့ သိုးတစ်ကောင်အတွက် ပျမ်းမျှသက်တမ်းပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top