အချစ်ရဆုံး အမျိုးသမီးကို ရည်စူးပြီး ကောင်းမှုလုပ်ချင်လို့ စားပွဲထိုးကို ဒေါ်လာ ၁ သောင်း ဘောက်ဆူး ပေးခဲ့သူ

13.2.24-yyl-5.jpg

အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်မှာ နေထိုင်သူတစ်ဦးဟာ သူ အချစ်ရဆုံး အမျိုးသမီးကို ရည်စူးပြီး ကောင်းမှုလုပ်ချင်လို့ စားပွဲထိုးကို ဒေါ်လာ ၁၀၀၀၀ ဘောက်ဆူးပေးခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးဟာ သူ အချစ်ရဆုံး အမျိုးသမီးရဲ့ ဈာပနအခမ်းအနားမှအပြန် Mason Jar Cafe ဆိုင်မှာ ဝင်ထိုင်ခဲ့ပါတယ်။

စားသောက်ပြီးတဲ့နောက် ငွေရှင်းပြေစာ ရောက်လာချိန်မှာ ၃၂ ဒေါ်လာပဲ ကျသင့်ပေမဲ့ စားပွဲထိုး လင်ဆေးဘွိုက်ဒ်ကို ဒေါ်လာ ၁၀၀၀၀ ပေးခဲ့တာပါ။ ” ကျွန်မ သူ့ကို ပွေ့ဖက်နှုတ်ဆက်ခဲ့တယ်။ သူ အရမ်းချစ်ခင်ရသူကို ရည်စူးပြီး ကောင်းမှုတစ်ခုလုပ်ချင်လို့ မုန့်ဖိုး ပေးထားခဲ့တယ်လို့ သူက ပြောတယ်”လို့ လင်ဆေးဘွိုက်ဒ်က ဆိုပါတယ်။

Mason Jar Cafe ဆိုင်ဟာ နွေရာသီမှာ ဝင်ငွေကျဆင်းနေတာကြောင့် ဆိုင်ဝန်ထမ်းတွေ အခက်အခဲ ကြုံနေရပြီး ငွေကြေးအဆင်မပြေချိန်မှာ အခုလို ပမာဏအများအပြား မုန့်ဖိုး ရရှိခဲ့တာကြောင့် ဆိုင်ဝန်ထမ်းအားလုံး ပျော်ရွှင်ခဲ့ရပါတယ်။ အခုရရှိတဲ့ မုန့်ဖိုးကို ဆိုင်ဝန်ထမ်းအားလုံး ခွဲဝေယူကြရမှာပါ။

Ref:Customer Leaves $10,000 Tip In Memory Of Friend At Benton Harbor Cafe

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top