Huawei မှ Annual Media Thank You Party ကျင်းပပြုလုပ်ခဲ့

huawei-2.jpg

၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်တွင် Huawei Myanmar မှ Huawei Annual Media Thank You Party ကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတွင် မကြာခင်က မိတ်ဆက်ခဲ့သော HUAWEI nova 2i ၏ အရောင်သစ်အဖြစ် အပြာရောင်ကိုလည်း မိတ်ဆက်ပါသေးတယ်။

မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Huawei nova 2i ဟာ မြန်မာနိုင်ငံတွင် ရောင်းအား စံချိန်သစ် တင်နိုင်သည်အထိ အောင်မြင်ခဲ့ပါတယ်။ ထို့အပြင် ၂၀၁၇ ခုနှစ်တွင် Huawei သည် Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်များတွင် အဆင့် ၈၈ နေရာကိုလည်းကောင်း၊ Brand Finance ၏ ကမ္ဘာ့ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၅၀၀ စာရင်းတွင် အဆင့် ၄၀ နေရာကိုလည်းကောင်း၊ Interbrand ၏ ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ တွင် အဆင့် ၇၀ နေရာကိုလည်းကောင်း ရရှိခဲ့သည်။ ထို့အပြင် Fortune မဂ္ဂဇင်းမှ ထုတ်ပြန်သော၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး Fortune ကုမ္ပဏီ ၅၀၀ စာရင်းတွင် အဆင့် ၈၃ နေရာသို့ ရောက်ရှိခဲ့သည်။

Huawei ရဲ့ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “နေရာတိုင်းမှာ တစ်ဦးတစ်ယောက်တည်းကြောင့် အောင်မြင်တယ်ဆိုတာ မရှိပါဘူး။ အားလုံးရဲ့ ပံ့ပိုးမှုကြောင့် အောင်မြင်မှုဆိုတာ ရရှိလာတာဖြစ်ပါတယ်။ ကျွန်မတို့ ဒီနှစ်အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ Project တွေအားလုံးနဲ့ ဈေးကွက်အတွင်းကို ရောင်းချခဲ့တဲ့ Product တွေ အောင်မြင်မှု ရရှိခဲ့တာ ဒီနေ့တက်ရောက်လာတဲ့ မီဒီယာတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။

Huawei အနေနဲ့ မြန်မာပြည်ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစပြီး ယနေ့ထိ ကျွန်မတို့ Brand ကို ကူညီ ထောက်ပံ့ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနှစ်မှာ ကျွန်မတို့ Brand အနေနဲ့လည်း အရင်တုန်းက တစ်ခါမှ မလုပ်ဘူးတဲ့ Campaign တွေ လုပ်ဆောင်ခဲ့ရာမှာ တော်တော်လေး အောင်မြင်မှု ရခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အရ Huawei nova 2i အပြာရောင်ကို ၁၄ ရက်နေ့ကစပြီး စတင် ရောင်းချသွားမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ နည်းပညာမြင့် စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့အတွက် Huawei က ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Huawei nova 2i စမတ်ဖုန်းသည် ယနေ့သုံးစွဲသူများ၏ လိုအပ်ချက်ဖြစ်တဲ့ မျက်နှာပြင်ပြည့် Huawei FullView Diplay ဖြင့် ပုံဖော်ထားပါသည်။ သေသပ်လှပသော ဒီဇိုင်းပုံစံဖြင့် Huawei nova 2i သည် ဓါတ်ပုံရိုက်ကူးရာတွင် သင့်ကို အဆင့်မြင့်မားသော ကမ္ဘာသစ် တစ်ခုဆီသို့ ခေါ်ဆောင်ပေးသွားမှာပါ။

Huawei nova 2i ကို ၃၃၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင်နဲ့ အပြာရောင်တို့ကို ရွေးချယ်နိုင်မှာပါ။ Huawei nova 2i ဝယ်ယူသူများအနေဖြင့် Huawei powerbank 5000mAh ကို လက်ဆောင်ရမှာဖြစ်ကာ MPTသုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လအထိ ရရှိမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top