(22) Push-ups Challenge မှာ ပါဝင်ယှဉ်ပြိုင်ပြီး Skechers ဖိနပ်လှလှလေးတွေ ယူလိုက်ရအောင်

Skechers ဖိနပ်လှလှလေးတွေကို အခမဲ့ရနိုင်မယ့် အစီအစဉ်တစ်ခုက ရိုးရာလေးပရိသတ်တွေအတွက် ရှိနေပါပြီ။ ပရိသတ်တွေထဲကနေ (၁၀) ဦးကို ရွေးချယ်ပြီး Skechers ဖိနပ် (၁၀) ရံ လက်ဆောင်ပေးအပ်သွားမယ့် အစီအစဉ်လေးပါ။

ရိုးရာလေးနဲ့ Skechers တို့ ပူးပေါင်းပြီး “(22) Push-ups Challenge” ဆိုတဲ့ အစီအစဉ်တစ်ခုကို ဖန်တီးထားပါတယ်။ အခု ဗီဒီယိုထဲမှာ Fitness Trainer က နမူနာ ဒိုက်ထိုးပြတဲ့ ပုံစံအတိုင်း ပြိုင်ပွဲကာလ တစ်ပတ် (၂၂.၆.၂၀၁၉ – ၂၈.၆.၂၀၁၉) အတောအတွင်း ကိုယ်နှစ်သက်ရာရက် (၃) ရက်မှာ တစ်ရက်ကို (၂၂) ကြိမ်နဲ့ ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်း လုပ်ပြရမယ့် စိန်ခေါ်မှု ဖြစ်ပါတယ်။

ဒီ စိန်ခေါ်မှုမှာ နည်းစနစ်တကျ ပါဝင်ယှဉ်ပြိုင်လိုက်တာနဲ့ ဖိနပ်ပိုင်ဆိုင်နိုင်မယ့်သူ စာရင်းမှာ အလိုအလျောက် ပါဝင်ပြီး ဖြစ်သွားမှာပါ။ ဒီစိန်ခေါ်မှုမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ လိုက်နာရမယ့် စည်းကမ်းနဲ့ သတ်မှတ်ချက်လေးတွေတော့ ရှိပါတယ်။ အဲဒါတွေက

စိန်ခေါ်မှုကို လုပ်ဆောင်ရာမှာ

(၁) တစ်ပတ်အတွင်း ကြိုက်ရာ (၃) ရက်ကိုရွေးချယ်ပြီး တစ်ရက်ကို (၂၂) ကြိမ်စီ ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၂) တစ်ရက်စီ ဒိုက်ထိုးတာတွေကို ဗီဒီယို ရိုက်ကူးထားပြီး ကိုယ့်ရဲ့ wall မှာ တစ်ရက်ကို တစ်ခုနဲ့ (၃) ရက်စာ သုံးခု Public Post တင်ထားပေးရပါမယ်။ (#22PushupsChallenge #Skechers ဆိုတဲ့ Hashtag တွေ ပါဖို့လည်းလိုပါတယ်။
(၃) တင်ထားတဲ့ ဗီဒီယို တစ်ခုချင်းစီမှာ ကိုယ့်သူငယ်ချင်း တစ်ယောက်စီကို Tag တွဲပြီး စိန်ခေါ်မှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားရပါမယ်။
(၄) ဗီဒီယို တစ်ခုတင်ပြီးတိုင်း ဗီဒီယို ပို့စ်လင့်ခ်ကို အခုပို့စ်ရဲ့ comment မှာ Day (1, 2 နှင့် 3) သတ်မှတ်ပြီး ရေးသား ဖော်ပြပေးရပါမယ်။
(၅) ကိုယ်တိုင်ယှဉ်ပြိုင်မှုကို ရိုက်ကူးတဲ့ထား ဗီဒီယိုတွေဖြစ်ဖို့ လိုအပ်ပြီး ဗီဒီယို တစ်ခုတည်းကို သုံးကြိမ်တင်တာမျိုး မဖြစ်ရပါဘူး။

ဆုရွေးချယ်မှုနဲ့ ဆုပေးအပ်ရာမှာ

စည်းကမ်းတွေနဲ့အညီ နည်းစနစ်တကျ ပါဝင်ယှဉ်ပြိုင်ထားသူတွေထဲက အမျိုးသား (၅) ဦး အမျိုးသမီး (၅) ဦးကို Trainer နဲ့အတူ စိစစ် ရွေးချယ်ပြီး ဆုပေးအပ်သွားမှာပါ။ ပေးအပ်မယ့်ဆုတွေကတော့ Skechers ရဲ့GORUN 600 series ဖိနပ်တွေ ဖြစ်ပါတယ်။ ဆုပေးရာမှာ ဖိနပ်ထုတ်ယူခွင့် “ကူပွန်” တွေကိုပဲ ပေးမှာဖြစ်ပြီး ဖိနပ်တွေကို ရန်ကုန်မြို့၊ City Mall စိန့်ဂျွန်းက Skechers Shop တစ်ဆိုင်တည်းမှာ နှစ်သက်ရာ အရောင်၊ အရွယ်အစားအလိုက် ကိုယ်တိုင် သွားရောက်ထုတ်ယူရမှာပါ။ ဆုကို ငွေသားနဲ့ လဲလှယ်ခွင့်လည်း မရှိသလို အငြင်းပွားဖွယ်ရာကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ရင်လည်း ရိုးရာလေးနဲ့ Skechers တို့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူရမှာ ဖြစ်ပါတယ်။ ကဲ မနက်ဖြန်ကျရင် စပြီး ပြိုင်လို့ရပြီနော်…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top