ကွာရှင်းပြတ်စဲကြတော့မယ့် ကိုရီးယားဆယ်လီစုံတွဲ ဆောင်ဂျွန်ကီ နဲ့ ဆောင်ဟေဂို

77b7eaba-121c-4f30-92d6-ef9980425117.jpg

၂၀၁၇ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့မှာ လက်ထပ်ခဲ့ကြတဲ့ နာမည်ကြီးကိုရီးယားဆယ်လီစုံတွဲ ဆောင်ဂျွန်ကီ (Song Joong Ki) နဲ့ ဆောင်ဟေဂို (Song Hye Kyo) တို့ဟာ (၁) နှစ်နဲ့ (၈) လ ရှိတဲ့အချိန်မှာ ကွာရှင်းကြတော့မှာဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ (၂၇) ရက်နေ့မှာ ဆောင်ဂျွန်ကီရဲ့ရှေ့နေက “ဇွန်လ (၂၆) ရက်နေ့က Seoul Family တရားရုံးမှာ ဆောင်ဂျွန်ကီရဲ့ ကိုယ်စား ကျွန်တော်တို့ ကွာရှင်းခွင့်တင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဆောင်ဂျွန်ကီရဲ့ တရားဝင်ထုတ်ပြန်ချက်ကို ထုတ်ပြောပြပေးမှာပါ” လို့ တရားဝင်ကြေညာခဲ့ပါတယ်။

ဆောင်ဂျွန်ကီက သူ့ရဲ့ ရှေ့နေကနေတဆင့် အခုလိုပဲ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

“အခုလိုမမျှော်လင့်ထားတဲ့သတင်းအတွက် ကျွန်တော့ကို ချစ်ပြီးတန်ဖိုးထားကြတဲ့ ပရိသတ်တွေအားလုံးကို အရင်ဆုံး တောင်းပန်ချင်ပါတယ်။ ဆောင်ဟေဂိုနဲ့ ကွာရှင်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့အမှားလို့ ဆုံးဖြတ်နေရင်း အချိန်ကြာနေမယ့်အစား ကွာရှင်းတာကို အဆင်ပြေပြေနဲ့ ပြီးသွားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့အတွင်းရေးကို အသေးစိတ်ပြောပြဖို့ ခက်ခဲတာကြောင့် နားလည်ပေးကြပါ။ ဒီဆုံးရှုံးမှုတွေကို ကျော်လွှားဖို့ ကတိပေးပါတယ်။ အခုကစပြီး မင်းသားတစ်ယောက်အဖြစ် အကောင်းဆုံးလုပ်သွားမှာပါ” လို့ ဆောင်ဂျွန်ကီက တောင်းပန်စကားဆိုခဲ့ပါတယ်။

ဆောင်ဟေဂိုရဲ့အေဂျင်စီကတော့ သူတို့စုံတွဲဟာ သဘောထားချင်းမတိုက်ဆိုင်တဲ့အတွက် အခုလို လမ်းခွဲကြတာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီလို သူတို့စုံတွဲ ကွာရှင်းပြတ်စဲတယ်ဆိုတဲ့ သတင်းထွက်ရှိလာပြီးတဲ့နောက်မှာ သူတို့အတွဲ ကွာရှင်းမှုမှာ မင်းသား ပတ်ဘိုဂမ် ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ ကောလဟာလသတင်းလည်း ထွက်ရှိလာခဲ့ပြန်ပါတယ်။

အဲဒီ သတင်းနဲ့ ပတ်သက်ပြီး ပတ်ဘိုဂမ်ရဲ့ အေဂျင်စီ Blossom Entertainment ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ” ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂိုတို့ ကွာရှင်းတယ်ဆိုတဲ့သတင်းက ခေါင်းကြီးပိုင်း ဖြစ်လာပြီးတဲ့နောက်မှာ ပတ်ဘိုဂမ် ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ ကောလဟာလသတင်း ထွက်ရှိလာတာကို ကျွန်တော်တို့ ဥပဒေအရ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ ဆောင်ဟေဂိုနဲ့ ပတ်ဘိုဂမ်တို့က ဒရမ်မာတစ်ခုမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးတဲ့အတွက် အခုလို သတင်းမျိုး ထွက်ရှိလာတဲ့ပုံပါပဲ။ ကွာရှင်းတဲ့သတင်းအပြင် အခြားကောလဟာလသတင်းတွေကို ဥပဒေအရ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဆွေးနွေးနေကြပါပြီ” လို့ သတိပေးပြောကြားသွားခဲ့ပါတယ်။

ပတ်ဘိုဂမ် နဲ့ ဆောင်ဟေဂိုတို့က tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “Boyfriend” ဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Ref: Allkpop “Song Joong Ki files for divorce with Song Hye”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top