ရွာထဲဝင်ပြီး ပြောင်းဖူးဝိုင်တွေသောက်ခဲ့မိလို့ ဆင်တွေ မူးပြီး အိပ်ပျော်

elephant.jpg

တရုတ်နိုင်ငံမှာ ရွာထဲဝင်ပြီး စားစရာရှာဖွေခဲ့တဲ့ ဆင် ၁၄ ကောင်က ပြောင်းစေ့ကနေ ထုတ်ထားတဲ့ ဝိုင်တွေသောက်မိလို့ မူးပြီး အိပ်ပျော်သွားခဲ့ပါတယ်။ ဆင် ၁၄ ကောင်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ရွာတစ်ရွာထဲကို စားစရာဝင်ရှာခဲံတာပါ။ စားစရာဝင်ရှာတဲ့ ဆင်တွေဟာ ပြောင်းဖူးဝိုင် ၃၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပြီး ပြောင်းဖူးဝိုင်အားလုံး သောက်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝိုင်မူးပြီး လက်ဖက်စိုက်ခင်းထဲ အိပ်ပျော်နေတာ တွေ့ရပါတယ်။ ဝိုင်မူးပြီး အိပ်ပျော်နေတဲ့ ဆင်တွေရဲ့မျက်နှာက ပြုံးယောင်သန်းနေတာ တွေ့ရပါတယ်။ သစ်တောတွေ ပြုန်းတီးတဲ့အတွက် ဆင်တွေက စားစရာလိုက်ရှာရင်း ရွာတွေဘက် ရောက်လာကြတာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top