စတုတ္ထအကြိမ်မြောက် Kalaw Trail Run အပြေးပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

Kalaw-Trail-Run-2018-Flag-Off_1_Credit-to-Run-Myanmar.jpg

၂၀၁၅ ခုနှစ်တွင် အပြေးသမား ၅၃ ဦးနှင့်စတင်ဆောင်ရွက်ခဲ့သည့် အပြေးပြိုင်ပွဲသည် ယခုဆိုလျှင် မြန်မာနိုင်ငံတွင် လူကြိုက်များ ထင်ရှားသည့် အပြေးပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပြီး ပြည်တွင်း၊ ပြည်ပ အပြေးအားကစား ဝါသနာရှင် များစွာကို တစ်နှစ်ထပ်တစ်နှစ် ပိုမို ပါဝင်ဆင်နွှဲလာစေရန် ဆွဲဆောင်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် အပြေးသမားပေါင်း(၃၅၀)သည် ကလောမြို့နှင့်အနီးတစ်ဝှိုက် ပြေးလမ်းမတစ်လျှောက်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Kalaw Trail Run ကို စီစဉ်ဆောင်ရွက်သူများ အနေဖြင့်၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှ အပျော်တမ်းအပြေးသမားများ အပါအဝင် အပြေးသမားပေါင်း(၄၀၀)ခန့် ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ မျှော်မှန်းထားပါသည်။

Kalaw Trail Run ၂၀၁၉ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အပြေးသမားများသည် အောက်ဖော် ပြပါ ပြိုင်ပွဲအမျိုးအစား (၄) မျိုး မှ မိမိကြိုက်နှစ်သက်ရာအမျိုးအစားဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။

· ကလေးငယ်များ နှင့် ပထမဦးဆုံးအကြိမ် စတင်ပြေးမည့်သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် အပျော်တမ်း ၄ ကီလိုမီတာပြိုင်ပွဲ

· လမ်းလျှောက်ဝါသနာရှင်များ နှင့် ကျန်းမာရေးအတွက် ပြေးလိုသူများအတွက် ကလောမြို့၏ အရှေ့ဘက် တောင်တန်းများကို ပတ်ပြေးနိုင်မည့် ၁၂ ကီလိုမီတာပြိုင်ပွဲ

· ရွာငယ်များစွာကို ကျော်ဖြတ်ပြေးရမည့် ၂၅ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲ

· တာဝေး ၅၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲ တို့ဖြစ်ပါသည်။

ရာသီဥတုအေးမြပြီး လေကောင်းလေသန့်တွေ ရရှိသည့် ဒီဇင်ဘာလလယ်တွင် Kalaw Trail Run အပြေးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်လေ့ရှိပါသည်။ အစဉ်အလာမပြတ်ကျင်းပနေသည့် အဆိုပါပြိုင်ပွဲကြီးသည် ၂၀၁၉ ခုနှစ်အတွက် ဒီဇင်ဘာလ ၇ရက် နှင့် ၈ ရက်နေ့တို့တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အရင်နှစ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည့်အတိုင်း တာစထွက်ခြင်း နှင့် ပန်းဝင်ခြင်းကို လှပသည့် Kalaw Heritage Hotel တွင် ပြုလုပ်မည်ဖြစ်ပါသည်။

Kalaw Trail Run အပြေးပြိုင်ပွဲကြီးသည် နှစ်စဉ်နှစ်တိုင်း တိုးတက်ကောင်းမွန်လာပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ပိုမိုများပြားလာသော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်ကျင်းပခဲ့သည့် ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ကလောမြို့ ဒေသခံများမှလည်း Kalaw Trail Run အပြေးပြိုင်ပွဲကြီး အောင်မြင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီထားကြပြီး ပြိုင်ပွဲတွင် ဝင်ရောက်ပါဝင်မည့် သူများကို နွေးထွေးစွာ ကြိုဆို အားပေးသွားမှာ ဖြစ်ပါသည်။

“ဒီနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် Kalaw Trail Run (KTR) မှာ ၅၁ကီလိုမီတာ Ultra Marathon ကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Ultra Marathon ကို အရင်က စီစဉ်ကျင်းပတာ မရှိသေးတဲ့ အတွက် ဒီနှစ်ပြိုင်ပွဲကတော့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်မှာပါ။ ယှဉ်ပြိုင်သူတွေ အနေနဲ့ အခက်အခဲတွေ နဲ့ စိန်ခေါ်မှုတွေအများကြီး ဖြတ်ကျော်ရမယ့် တာဝေး ၅၁ ကီလိုမီတာအမျိုးအစားမှာဆိုရင်တော့ (၂,၀၇၅) မီတာ အကွာအဝေးပြေးရတာနဲ့ သဏ္ဍာန်တူမှာ ဖြစ်ပြီး နှင့် ပင်လယ်ရေမျက်နှာပြင်အထက် (၁,၆၀၇) မီတာ မှာ ယှဉ်ပြိုင်ရမှာပါ။

နိုင်ငံတကာမှာ ကျင်းပလေ့ရှိတဲ့ အကွာအဝေးအင်မတန်ရှည်လျားလေ့ရှိတဲ့ တာဝေးပြိုင်ပွဲများလို ပြေးလမ်းကြောင်းက သိပ်ပြီးတော့ မရှည်လျားပေမယ့် တောင်တက်အပြေးသမားအများစု အတွက်ကတော့ စိန်ခေါ်မှုတွေ များမယ့် ပြိုင်ပွဲတစ်ခုဖြစ်မှာပါ။ Ultra Marathon ကို KTR ရဲ့ ပြိုင်ပွဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ နှစ်စဉ်ကျင်းပနိုင်ဖို့ မျှော်လင့်ပြီး တခြား တောင်ကုန်းတစ်လျှောက်ပြေးရမယ့် တာဝေးအပြေးပြိုင်ပွဲ တွေ စီစဉ်ကျင်းပလာနိုင်ဖို့လည်း တွန်းအားဖြစ်စေမှာပါ” ဟု Run Myanmar အသင်း ရဲ့ အသင်းဝင်တစ်ယောြက်ဖစ်ပြီး Kalaw Heritage Hotel ရဲ့ အထွေထွေမန်နေဂျာတစ်ဦးဖြစ်တဲ့ Ole Rehlaender ကပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် ပြိုင်ပွဲကို ပိုမိုနည်းစနစ်ကျစွာ ကျင်းပနိုင်ရန်အတွက် Kalaw Trail Run အပြေးပြိုင်ပွဲကြီး ဖြစ်မြောက်ရေးအတွက် အဓိကစပွန်ဆာဖြစ်သည့် KBZPay ၏ ထောက်ပံ့ကူညီမှုဖြင့် ပါဝင်ယှဉ်ပြိုင်သူများသည် မိမိ၏ ပန်းဝင်ချိန်နှင့် အပြေးစံချိန်များကို ပိုမိုတိကျစွာ သိရှိနိုင်တော့မည် ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma က “စတုတ္ထအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Kalaw Trail Run မှာ အားပေးကူညီခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ KBZPay နဲ့ Kalaw Trail Run တို့က ကလောမြို့ကြီး နဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြမယ်ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်တွေရှိနေပါတယ်။ မြန်မာလူမျိုးတွေက ခရီးသွားရတာကို အင်မတန်သဘောကျလာပြီး အခုဆိုရင် Kalaw Trail Run လိုမျိုး အားကစား ၊ လူနေမှုဘဝစတိုင်ကို ထင်ဟပ်တဲ့ ပွဲတွေကိုပါ ပိုပြီးနှစ်သက်လာကြတာတွေ့ရပါတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းက တဟုန်ထိုး တိုးတက်လာတာနဲ့အမျှ KBZPay ဟာ ပြည်တွင်းခရီးသွားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပြည်တွင်းမှာ ခရီးသွားလာတဲ့အခါ ပိုမို အဆင်ပြေ လုံခြုံစွာနဲ့ သွားလာနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ KBZPayကို အသုံးပြုခြင်းအားဖြင့် ခရီးသွားတွေဟာ ကိုယ့်လက်ထဲမှာ ပိုက်ဆံ လုံလုံလောက်လောက်ပါရဲ့လား ဒါမှမဟုတ် ပမာဏအများကြီးကိုင်ထားရတာ စတာတွေကို စိတ်ပူနေစရာမလိုတော့ပဲ ခရီးစဉ်ကို စိတ်အေးချမ်းသာစွာနဲ့ သွားလာနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဒီ Kalaw Trail Run လိုမျိုး အပြေးပြိုင်ပွဲတွေမှာ ပါဝင်ဖို့အတွက် အင်မတန် အဆင်ပြေအသုံးဝင်စေမှာ ဖြစ်ပါတယ်။ Run Myanmar အဖွဲ့သားများ နဲ့ အပြေးပြိုင်ပွဲဝင်များအားလုံးအတွက် အောင်မြင်တဲ့ အပြေးပြိုင်ပွဲတစ်ခုဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟု ပြောသည်။

အောက်ပါအဖွဲ့အစည်း နှင့် ကုမ္ပဏီများမှ
● ၁၉၀၃ ခုနှစ်တည်းက စတင်တည်ထောင်ခဲ့သည့် Kalaw Heritage Hotel
● 100PLUS
● Krislite
● Sport Gear Trading
● OMGoodness
● X Sport Outdoor Gear
● Uncharted Horizon
● Kalaw Hill Lodge
● Ride Behind Kalaw
● M.E.M.S. – Myanmar Emergency Medical Services ၂၀၁၉ ခုနှစ် Kalaw Trail Run ကို ထောက်ပံ့ကူညီပေးထားပါသည်။

Kalaw Trail Run သည် စပွန်ဆာများ၊ လုပ်ငန်းမိတ်ဖက်များ၊ စေတနာ့ဝန်ထမ်းများ နှင့် ပါဝင်ယှဉ်ပြိုင်သူများစွာ အတူလက်တွဲဆောင်ရွက်ရတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ Kalaw Trail Run 2019 အတွက် အမည်စာရင်းပေးသွင်းရန် စိတ်ဝင်စားသူများအနေနဲ့ ပြိုင်ပွဲအတွက် www.run-myanmar.com တွင် အမည်စာရင်း ပေးသွင်းနိုင်ပါသည်။ တာဝေး ၅၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲမှလွဲ၍ အခြားသော ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် အမည်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။ အပြေးပြိုင်ပွဲတွင် စပွန်ဆာပေးလိုသူများ (သို့မဟုတ်) စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိသူများ နှင့် အပြေးပြိုင်ပွဲနှင့်ပတ်သတ်ပြီး ထပ်မံမေးမြန်းစရာရှိပါက [email protected] သို့ အီးမေးပေးပို့၍ ဆက်သွယ်နိုင်ပါသည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top