နိုဘယ်ဆုများ အကြောင်းတစ်စေ့တစ်စောင်း

yyl-014-4.jpg

နိုဘယ်ဆု ဆိုသည်မှာ ကမ္ဘာပေါ်တွင် သြဇာတိက္ကမ အကြီးဆုံးဆု တစ်ခုပင်ဖြစ်သည်။ နိုဘယ်ဆုကို နှစ်စဥ် နှစ်တိုင်း ရူပဗေဒ ပညာရပ်၊ ဓာတုဗေဒ ပညာရပ်၊ ဆေး ပညာရပ်၊ စာပေ ပညာရပ်၊ စီးပွားရေး ပညာရပ် စသည့် ပညာရပ်နယ်ပယ် အသီးသီးရှိ ထူးချွန်သူများ နှင့် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်သည့် ထူးချွန်သူများအား ပေးအပ်သော ဆုပင်ဖြစ်သည်။

သမိုင်းအရ နိုဘယ်ဆုပေးအပ်ခြင်း အစဥ်အလာကို စတင်ခဲ့သည်မှာ Alfred Nobel ၏ သေတမ်းစာအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ Alfred Nobel သည် ဆွီဒင် နိုင်ငံသား စက်မှုပညာရှင် တစ်ဦးဖြစ်ပြီး ၁၈၃၃ ခုနှစ်တွင် Stockholm တွင်မွေးဖွားခဲ့သည်။ သူသည် ဘာသာစကား အမြောက်အများကို ငယ်စဥ်ကပင် ကျွမ်းကျင်စွာ ပြောတတ်သူလည်း ဖြစ်သည်။ သူသည် အရွယ်ရောက်လာချိန်တွင် ဒိုင်းနမိုက်၊ ရာဘာ နှင့် သားရေကို အခြေခံသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ဖန်တီးနိုင်ခဲ့သည်။ သူသည် အောင်မြင်သော စီးပွားရေးသမား တစ်ယောက်ဖြစ်ခဲ့ပြီး ဥရောပတလွှားတွင် စက်ရုံပေါင်းများစွာကို ပိုင်ဆိုင်သူဖြစ်ခဲ့သည်။ သူသည် စာပေ ပညာရပ်နှင့် လူမှုဆက်ဆံရေး ကိစ္စရပ်များကို အလွန်စိတ်ဝင်စားသူလည်း ဖြစ်သည်။

ဒီလိုဖြင့် Alfred Nobel သည် အသက် ၆၃နှစ် တွင် အီတလီရှိ Sam Remo မြို့၌ ဒီဇင်ဘာလ ၁၀ရက် ၁၈၉၆ တွင် ကွယ်လွန်ခဲ့သည်။ သူသည် သူ၏ပိုင်ဆိုင်မှု အချို့ကို မိသားစုဝင်များ နှင့် သူငယ်ချင်းများ ကို အမွေဆက်ခံရန် ခွဲဝေပေးကြောင်း သေတမ်းစာတစ်ဆောင် ရေးထားခဲ့သည်။ ထိုသေတမ်းစာတွင် များစွာသော ငွေအမြောက်အမြားကို လူသားမျိုးနွယ်တစ်ခုလုံးအတွက် နယ်ပယ်အသီးသီး မှ အကြီးကျယ်ဆုံး ပြောင်မြောက်စွာ အကျိုးပြုသည့် ထူချွန်သော သူများကို နှစ်စဥ်ဆုချီးမြှင့်ရန် မတည်ငွေ အဖြစ်အသုံးပြုရန် ရေးသားထားခဲ့သည်။ ထို့အပြင် သူပိုင်ဆိုင်သော အိမ်ခြံမြေများကို ရောင်းချရန် ရေးသား ရွေးချယ်ပေးခဲ့ပြီး ထို သိက္ခာကြီးသောဆု ၏ အမည်ကို သူ၏ နာမည်ဖြင့် “Nobel Prizes” ဟုပေးရန် ထည့်သွင်းရေးသားခဲ့သည်။ ၁၉၀၁ ခုနှစ် ကစတင်၍ ဒီဇင်ဘာလ ၁၀ရက်နေ့ကို နိုဘယ်ဆုပေးအပ်ခြင်း အခမ်းအနားအဖြစ် သတ်မှတ်ခဲ့ကြသည်။

Alfred Nobel ၏ သေတမ်းစာအရ ရူပဗေဒ ပညာရပ်၊ ဓာတုဗေဒ ပညာရပ်၊ ဆေး ပညာရပ်၊ စာပေ ပညာရပ်၊ နှင့် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်ခြင်း နယ်ပယ်များကို မူလရေးသားထားခဲ့သည်။ ထို့နောက် ဆွီဒင်ဘုရင်က Alfred Nobel ၏ သေတမ်းစာကို အလေးထားသည့် အနေဖြင့် ဥက္ကဠ နှင့် အခြား အဖွဲ့ဝင်လေးဦး တို့ဖြင့် Nobel Foundation ကို တရားဝင် စတင်ဖွဲ့စည်းပေးခဲ့သည်။

ပထမဦးဆုံး နိုဘယ်ဆု ကို ၁၉၀၁ ခုနှစ်တွင် ရုပဗေဒ ပညာရပ် နယ်ပယ်မှ Wilhelm Rontgen အား သူ၏ X-rays ရှာဖွေတွေ့ရှိမှု အတွက်ပေးအပ်ခဲ့သည်။ ဓာတုဗေဒ ပညာရပ် နယ်ပယ်မှ Jacobus Henricus Hoff အား သူ၏ the laws of chemical dynamics and osmotic pressure in solutions ရှာဖွေတွေ့ရှိမှု အတွက်ပေးအပ်ခဲ့သည်။ ဆေး ပညာရပ် နယ်ပယ်မှ Emil von Behring အား သူ၏ serum therapy and development of antitoxin that could treat diphtheria ရှာဖွေတွေ့ရှိမှု အတွက်ပေးအပ်ခဲ့သည်။ စာပေ ပညာရပ် နယ်ပယ်မှ Sully Prudhomme အား သူ၏ poetic composition, which depicted idealism, artistic perfection, and qualities of heart and intellect ရှာဖွေတွေ့ရှိမှု အတွက်ပေးအပ်ခဲ့သည်။ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်သူ ဆုရှင် အဖြစ် Jean Henri Dunant အား သူ၏ International Red Cross Movement လုပ်ဆောင်ချက် အတွက်ပေးအပ်ခဲ့သည်။ ထိုမှစ၍ ငါးနှစ် ဆက်တိုက် နိုဘယ်ဆုများ ကို ချီးမြှင့်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ ဆုချီးမြှင့်ခြင်း မရှိခဲ့ပေ။ ၁၉၄၃ ခုနှစ် မှ စ၍ နှစ်စဥ် နိုဘယ်ဆုများ ကို ပြန်လည်ချီးမြှင့်လာခဲ့သည်။

နှစ်ဆယ်ရာစု ၏ ထူးချွန်သော နိုဘယ်ဆုရှင် များအဖြစ် ၁၉၂၁ ခုနှစ်တွင် ရူပဗေဒ ပညာရပ် နယ်ပယ်မှ Albert Einstein အား ပေးအပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရူပဗေဒ ပညာရပ် နယ်ပယ်မှ Werner Heisenberg အား ပေးအပ်ခဲ့သည်။ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်သူ ဆုရှင် အဖြစ် ၁၉၉၁ ခုနှစ်တွင် Daw Aung San Su Kyi အား ပေးအပ်ခဲ့သည်။ အခြားသော ထူးချွန်သူများကိုလည်း ဆု ချီးမြှင့်ခဲ့သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top