“၆လ မိခင်နို့မှတပါး အခြားမလို”

46482604_2119487291444295_3278748724909572096_n.jpg

Save The Children ၊ UNICEF နှင့် Alive & Thrive အဖွဲ့အစည်းတို့ကအကောင်အထည်ဖော်ဆောင်ရွက်၍ မြန်မာအေဂျင်စီ Bridge မှ ဖန်တီးပြုလုပ်ခဲ့ပြီး Vero မှ PR နှင့် Digital ပိုင်းတာဝန်ယူဆောင်ရွက်ခဲ့သော #6la ကမ်ပိန်းသည် မြန်မာ့လူမှုအဖွဲ့အစည်းအတွက် ကြီးမားသောအကျိုးသက်ရောက်မှုရှိစေခဲ့သည့်အပြင် အဓိကပြောလိုသည့်အကြောင်းအရာ၊ သတင်းအချက်အလက်များကို ကောင်းစွာတင်ပြနိုင်ခဲ့မှုကြောင့် ဒေသတွင်းပညာရှင်အမြောက်အမြား၏ အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။ အဆိုပါဆုများရရှိခဲ့ခြင်းသည် ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် စံထားရသည့်ကမ်ပိန်းတစ်ခုအဖြစ်သတ်မှတ်နိုင်ခဲ့သည်။

“၆လ မိခင်နို့မှတပါး အခြားမလို” ကမ်ပိန်းကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် စတင်မိတ်ဆက်ခဲ့ပြီး နို့မှုန့် သောက်သုံးခြင်းနှင့်ပတ်သက်သည့် ဈေးကွက်ချဲ့ထွင်မှု ယူဆချက်များကို ပြောင်းလဲစေခဲ့သည်။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းက မိခင်၊ ကလေး၊ မိသားစုနှင့် နိုင်ငံအတွက်ပါ အကောင်းဆုံးဖြစ်ကြောင်း အသိပညာပေးသောကမ်ပိန်းဖြစ်ပြီး (၃) လအတွင်း မြန်မာနိုင်ငံရှိ လူပေါင်းသန်း (၂၀) ခန့်ဆီရောက်ရှိခဲ့ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ မွေးဖွားမှု (၄) ခုတွင် (၁) ခုကို အကျိုးပြုနိုင်ခဲ့သည်။ မွေးကင်းစမှ ခြောက်လအတွင်း မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးခြင်းသည် ကလေးငယ်များအတွက် အကောင်းဆုံးဖြစ်ကြောင်းနှင့် မိခင်များနှင့် ၎င်းတို့၏ နီးစပ်သောအသိုင်းအဝိုင်းကို မိခင်နို့သာတိုက်ကျွေးရန် တိုက်တွန်းအားပေးပြီး မိခင်တို့၏ဘဝကိုဂုဏ်ပြုကာ အပြုသဘောဆောင်သောသတင်းစကားတစ်ခု ဖန်တီးနိုင်ရန် လူမှုအသိုင်းအဝိုင်း၏အရေးပါမှုကို #6la ကမ်ပိန်းက အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လေ့ကျင့်သင်ကြားပေးထားသောသားဖွားဆရာမများအဖွဲ့က ကလေးမွေးဖွားပြီးသောမိခင်များထံသွားရောက်ပြီး မိခင်နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်သည့်အသိပညာများကို ဝေမျှပြောကြားခဲ့ကြသည်။ ထို့အပြင် မိခင်များအနေဖြင့် ခြောက်လအတွင်း မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးမည်ဖြစ်ကြောင်းပြသသည့် လက်ပတ်ပါဝင်သောအထုပ်များကိုရရှိသည်။ ထိုအထုပ်များထဲတွင် နို့ချိုတိုက်ကျွေးခြင်း ဆိုင်ရာသိကောင်းစရာများအပြင် တစ်လပြီးတစ်လ မိခင်နို့သာတိုက်ကျွေးရန် အားပေးထားသည့် စာရွက်များပါဝင်သော အထုပ်ငယ်လေးများရရှိခဲ့ကြပြီး mHealth app ဖြစ်တဲ့ MayMay app သို့ဝင်ရောက်ကာ အခြားသတင်းအချက်အလက်များနှင့် အကြောင်းအရာများကို သိရှိရယူနိုင်သည်။

အဓိကလေ့လာတွေ့ရှိချက်တစ်ချက်အရ မိခင်များသည် ၎င်းတို့၏ကလေးငယ်များအတွက်ဆုံးဖြတ်ချက်များကို ပြုလုပ်စဉ် ၎င်းတို့နှင့်ရင်းနှီးသော ပုဂ္ဂလိက “Influencers” များ၏ လွှမ်းမိုးမှုကိုခံရသည်ဟုသိရှိထားခြင်းကြောင့် မိခင်များမှလည်း ကလေး (၆) လအထိ မိခင်နို့တိုက်ကျွေးနေစဉ် ၎င်းတို့နားတွင် ရှိနေသည့် အရေးပါဆုံးသောသူများအတွက် လက်ပတ်များကိုတောင်းဆိုနိုင်သည်။

ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးနယ်ပယ်မှ အဓိကအရေးပါသူများကိုပါပါဝင်စေလာကာ တဖြည်းဖြည်းကြီးမားလာပြီး အကျိုးသက်ရောက်မှုမြင့်မားလာခဲ့သည်။ ကမ်ပိန်းပြီးဆုံးခါနီးတွင် KBZ ဘဏ်မှ ပထမဦးဆုံးသော မိခင်နို့တိုက်ကျွေးနိုင်သည့်အခန်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး နို့တိုက်မိခင်များ နို့တိုက်မည်ဆိုလျှင် ဝင်ငွေရနားချိန်များ ထည့်သွင်းပေးရန် HR ပေါ်လစီကိုပြုပြင်ခဲ့ကာ ကမ်ပိန်းရုပ်ရှင်ကို ရုံးခွဲ (၅၀၀) ကျော်တွင်ပြသခဲ့သည်။ City Mart မှလည်း အရောင်းဝန်ထမ်းအားလုံးကို Supporter လက်ပတ်များပေးပြီး Supporter Packs များရောင်းရငွေကို ကမ်ပိန်းသို့ပြန်လည်လှုဒါန်း၍ စူပါမားကတ် (၃၈) ခု၌ ကမ်ပိန်း message များကိုပြသကာ လှုပ်ရှားမှုတွင်ပါဝင်လာခဲ့သည်။

#6la ကမ်ပိန်းသည် မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရေးနှင့်ပတ်သက်သည့် အယူလွဲမှားမှုများကို ကူညီတိုက်ဖျက်ရင်း မိခင်များကို မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးခဲ့သည်။ ကမ်ပိန်းမစခင်နှင့် ကမ်ပိန်းပြီးဆုံးချိန်တို့ကိုလေ့လာရာ ယခုအခါ မိခင် (၅) ယောက်တွင် (၃) ယောက်သည် ကမ်ပိန်းအကြောင်းသိသူများဖြစ်ကြပြီး (၉၇) ရာခိုင်နှုန်းကျော်သည် အကြံ့ခိုင်ဆုံး၊ ဉာဏ်အကောင်းဆုံး၊ အကျန်းမာဆုံး၊ အပျော်ရွှင်ဆုံးကလေးငယ်ဖြစ်စေရန် မွေးစမှ (၆) လအထိ မိခင်နို့မှတစ်ပါး အခြားအရာများတိုက်ကျွေးရန်မလိုကြောင်း သဘောတူညီကြသည်။

ဤကမ်ပိန်းသည် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူ့ပုဂ္ဂလိကအကျိုးတူပူးပေါင်းမှုများမပါဝင်ဘဲ အောင်မြင်နိုင်မည် မဟုတ်ချေ။ #6la ကမ်ပိန်းသည် လူမှုနယ်ပယ်တွင် ကောင်းမွန်သော ပြောင်းလဲမှုများဖြစ်ပေါ်စေရန် ဆက်သွယ်ဆောင်ရွက်ရေး၏ စွမ်းအားနှင့် အရေးပါသော Message များပေးနိုင်ရန် လူများစုပေါင်းလုပ်ကိုင်ပြီးဖြစ်ပေါ်လာသော ကြီးမားသည့် အလားအလာအတွက် ဥပမာတစ်ရပ်ဖြစ်သည်။

ယခင်နှစ်၏ အောင်မြင်မှုကိုအခြေခံ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ကမ်ပိန်းကိုဆက်လက်လုပ်ဆောင်သွားရန်နှင့် မြန်မာနိုင်ငံရှိမိခင်များနှင့် ၎င်းတို့၏ ပံ့ပိုးပေးသူများထံ ပိုမိုရောက်ရှိအောင်လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top