ကျောင်းကို မလာနိုင်တဲ့ ကလေးတွေဆီကို အရောက် သွားပေးတဲ့ ရွေ့လျားစာသင်ခန်း myME

1.jpg

မြန်မာနိုင်ငံမှာ ကလေးသူငယ် ၅ သန်းကျော်ဟာ စာသင်ကျောင်းတွေမှာ မရှိကြပါဘူး။

အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းပြင်ပတွေမှာရောက်နေကြပြီးတော့ ကျေးလက်တောရွာတွေမှာ ကျန်ရစ်ခဲ့တဲ့ မိဘတွေ ညီလေးညီမလေးတွေ ရှင်သန်နေထိုင်ဖို့အတွက် အလုပ်အကိုင်ပေါင်း စုံကို လုပ်ပြီးတော့ လှုပ်ရှားနေကြရ ပါတယ်။ ကျောင်းကိုမလာနိုင်တဲ့ သူတို့လေးတွေဆီ ကျောင်းက အရောက်သွားပြီး ပညာဖြန့်ဝေပေးလို့ မဖြစ်နိုင်ဘူးလား။ ဒီလိုအတွေးကို အစပြုပြီး myMe (ရွေ့လျားစာသင်ခန်းမ) ဆိုတာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

(Myanmar Mobile Education Project) ဟာ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များမှ လူငယ်အလုပ် သမားတွေဆီ အရောက်သွားပြီး စာသင်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ myMe Project ကို နယူးယောက်မြို့မှ ပညာဖြန့်ဝေလိုသောသူတချို့နှင့် မြန်မာနိုင်ငံမှာ ပညာရေးဖြင့် ပြုပြင်ပြောင်းလဲမှုကို ယုံကြည်သော ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ စာရေးဆရာများနှင့် အနုပညာရှင်များနဲ့ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ Samsung မှ မော်တော်ယာဉ်တစ်စီးနှင့် Samsung တပ်ပလက်များအပါအဝင် သင်ထောက်ကူ ပစ္စည်းများကို အားဖြည့်လှူဒါန်းကာ ရွေ့လျားစာသင်ခန်းမကို တည်ထောင်ခဲ့ပါတယ်။ အခုအချိန်မှာ ရန်ကုန်မြို့ရှိ ရန်ကုန်ုမြို့တွင်း တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ လက်ဖက်ရည်ဆိုင်များမှ လူငယ်အလုပ်သမား ကျောင်းသားကျောင်းသူ ၁၂၀ ခန့်ကို စာသင်ကြားပေးနိုင် ခဲ့ပါတယ်။ မေလ ၃၁ ရက်နေ့ က Samsung မှ ကားတစ်စီး၊ Samsung တက်ဘလက်များ၊ သင်ကြားမှုအထောက်အကူပြု ပစ္စည်းများကို ထပ်မံလှူဒါန်းခဲ့ပါတယ်။ ယခုလှူဒါန်းတဲ့ ကားကို မန္တလေးမှာ ထားရှိသွားသွားမှာဖြစ်ပြီး မန္တလေးမြို့ရှိ လူငယ်အလုပ်သမားများအတွက် ရွေ့လျားစာသင်ခန်းမအဖြစ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားမှုအထောက်အကူပြုပစ္စည်းများနှင့်အတူ စာသင်ကြားပေးမည့် ဆရာ၊ ဆရာမ တစ်ဦးစီကိုလည်း စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

myME နဲ့ ပတ်သက်သော အချက်အလက်များကို www.myMEproject.org နှင့် www.facebook.com/myMEproject တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top