အငြင်းပွားမှုများကြောင့် တရုတ် sex doll ငှားရမ်းခြင်းလုပ်ငန်း ရပ်ဆိုင်း

97846148_749460f6-8734-44ef-ad87-54e9638d6f6c.jpg

တရုတ်ကုမ္ပဏီ တစ်ခုက  sex doll အရုပ်များ ငှားရမ်းတဲ့လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပေမဲ့ လုပ်ငန်းစတင်ပြီး ရက်ပိုင်းအကြာမှာပဲ ဒီလုပ်ငန်းက ရပ်ဆိုင်းခံခဲ့ရပါတယ်။

Touch လို့အမည်ရတဲ့ တရုတ်ကုမ္ပဏီဟာ ၁၄ ရက်၊ ကြာသာပတေးနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ sex doll ငှားရမ်းခြင်းလုပ်ငန်းကို စတင်ခဲ့တာဖြစ်ပြီး ဒီကုမ္ပဏီရဲ့ sex doll အရုပ်တွေထဲမှာ wonder Woman အရုပ်အပြင် အရုပ်အမျိုးအစား ၅မျိုးကို တစ်နေ့တာငှားရမ်းခြင်းအပြင် ကာလရှည် ငှားရမ်းပေးမယ့် ဝန်ဆောင်မှုတွေပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကို စတင်ပြီး မကြာမီ မှာပဲ ဝေဖန်မှုများစွာ မြင့်တက်လာခဲ့တဲ့အတွက် လုပ်ငန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

Touch ကုမ္ပဏီကတော့ တရုတ် ဆိုရှယ်မီဒီယာဖြစ်တဲ့ Weibo မှာ “အခုလို ဆိုးကျိုးတွေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်း ” ရေးသားခဲ့ပါတယ်။ Touch ကုမ္ပဏီကတော့ BBC ကို ဒီအငှားလုပ်ငန်းဟာ စတင်ခဲ့တာ ၂ ရက်သာရှိပေမဲ့ ဒီအတောအတွင်းမှာ အမှာစာများနဲ့ ငှားရမ်းတဲ့သူများစွာ ရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “စမ်းသပ်ကာလအတွက် sex doll အရုပ် ၁၀ ရုပ်ပြင်ဆင်ထားခဲ့ပါတယ် ” လို့ပြောဆိုခဲ့ပြီး ဒီလုပ်ငန်းဟာ တရုတ်နိုင်ငံမှာ လုပ်ရတာ ခက်တယ် လို့ပြောဆိုခဲ့ပါတယ်။

Touch ကုမ္ပဏီဟာ sex doll အရုပ်ကို တစ်နေ့တာ ငှားရမ်းခအတွက် ၂၉၈ ယွမ် (အမေရိကန်ဒေါ်လာ ၄၆ ဒေါ်လာ ) သတ်မှတ်ထားပြီး sex doll တွေထဲမှာဆိုရင် တရုတ်၊ ကိုရီးယား၊ ရုရှားမော်ဒယ်တွေ နဲ့ ရုပ်ရှင်ဇာတ်ကောင် တစ်ဦးဖြစ်တဲ့ wonder Woman အရုပ်တောင် ပါဝင်လာခဲ့ပါသေးတယ်။

Weibo မှာ ထုတ်ပြန်ခဲ့တဲ့ စာအရတော့ သူတို့တဲ့ရည်ရွယ်ချက်ဟာ ဈေးကြီးတဲ့ ဆီလီကွန် အရုပ်တွေကို လူတိုင်း တတ်နိုင်အောင် ငှားရမ်းပေးဖို့သာ ဖြစ်ပေမဲ့ အခုလို လူအများ အငြင်းပွားခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။ အရုပ်ကို ကြိုတင်စာရင်းသွင်းပြီး ငှားရမ်းထားတဲ့ ဖောက်သည်များအတွက်လည်း စရန်ငွေ ၂ ဆ ပြန်ပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Touch ကုမ္ပဏီဟာ အခုလို ငှားရမ်းခြင်းလုပ်ငန်းအပြင် sex doll အရုပ် များကိုလည်း ရောင်းချပေးနေပါသေးတယ်။

Ref : BBC News :  A Wonder Woman doll (centre) was one of those offered by Touch

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top