အိမ်ထောင်ဖက်ကို လုံးဝမပြောသင့်တဲ့စကားများ

shouldnt-say-big.jpg

မိဘတစ်ယောက်အနေနဲ့ အုပ်ထိန်းရတာဟာ အင်မတန် ခက်ခဲပါတယ်။ အိပ်ရေးဝအောင် မအိပ်ရတာတွေ၊ ဒေါသကြီးခြင်းတွေ အကြားမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိတာတွေဆိုတာ အမြဲတမ်းလိုလို ဖြစ်နေတတ်ပါတယ်။

ကလေးအုပ်ထိန်းနေရတဲ့ ကာလတွေမှာကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဒေါသတွေရှိနေပေမယ့်လည်း လေးလေးစားစား ယုံကြည်မှုနဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်။

သင်ဟာအရမ်းကိုမှ ပြောဆိုဖို့ စိတ်ဆန္ဒရှိနေရင်တောင် သင်၏အိမ်ထောင်ဖက်ကိုမပြောသင့်တဲ့စကားလေးတွေရှိပါတယ်။ ဒီလိုစကားတွေကိုအလျင်စလိုမပြောမိအောင် ရှောင်ရှားခြင်းဟာသင်တို့ရဲ့ဆက်ဆံရေးဟာပိုကောင်းလာမှာပဲဖြစ်ပါတယ်။

၁) ကျွန်မပြောခဲ့သားပဲ

သင်ဒီလိုစကားမျိုးပြောခဲ့ဖူးတာကိုသင့်အိမ်ထောင်ဖက်ကမမှတ်မိရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် မိဘတစ်ယောက်အနေနဲ့ အုပ်ထိန်းမှုပြုခြင်းဟာခက်ခဲတဲ့ အလုပ်ဖြစ်လို့ သူတို့လုပ်ဆောင်ခဲ့တဲ့ အမှားတွေနဲ့ပတ်သက်ပြီးပိုဆိုးသွားအောင် မခံစားရစေတာပိုမိုကောင်းမွန်မှာပါ။

၂) စာအုပ်ထဲမှာဒီလိုလုပ်ဖို့ရေးထားတာမှမဟုတ်တာ

သင်ဟာစာအုပ်တွေ၊ ဘလော့ခ်တွေနဲ့ လက်လှမ်းမီရာစာတွေအားလုံးကိုဖတ်တတ်သူတစ်ယောက် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ သင်ဟာဒီလိုလူမျိုးတစ်ယောက်ဖြစ်တာနဲ့ သင့်ရဲ့အိမ်ထောင်ဖက်ကလည်းသင်ဖတ်ထားသမျှတွေအားလုံးလိုက်ဖတ်နေရမယ်လို့တော့ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ relationship တစ်ခုဟာအဓိကကယုံကြည်မှုပါပဲ။ သင့်ရဲ့အိမ်ထောင်ဖက် လိုချင်တဲ့ ယုံကြည်မှုကိုပေးခြင်းဟာအကောင်းဆုံးပါပဲ။

၃) ကလေးအိပ်ပျော်အောင်တောင် ရှင်သိပ်ဖူးလို့လား

ညအချိန်မတော်မှာကလေးငယ်ဟာစူးစူးဝါးဝါးအော်ငိုတဲ့အချိန်မှာသင်လုပ်ဆောင်ချင်တဲ့အရာကကလေးငယ် အိပ်ပျော်အောင် လုပ်ဆောင်ရမယ့်အချက်တွေပါပဲ။ ကလေးငယ်အိပ်ပျော်စေဖို့ သင့်ရဲ့အိမ်ထောင်ဖက်ကစမ်းသပ်ဆောင်ရွက်တဲ့ ကိစ္စရပ်တွေအားလုံးကိုယုံကြည်စွာနဲ့ လုပ်ဆောင်ခွင့် ပေးလိုက်ပါ။

၄) ရှင်ကကလေးကိုအနီးကပ်ကြည့်ခဲ့ဖူးတာမှမဟုတ်ဘဲ

ကလေးအပေါ်မှာအရမ်းဂရုစိုက်တတ်တဲ့ မိဘတွေမှာတောင်မှ မတော်တဆဆိုတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားတတ်ပါတယ်။ ပြစ်တင်စကားတွေ ပြောနေမယ့်အစားနောက်အချိန်ခဏကြာတော့မှ ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတဲ့အကြောင်းကိုသင့်ရဲ့အိမ်ထောင်ဖက်နဲ့ ဆွေးနွေးဖို့ ကြိုးစားကြည့်ပါ။

၅) အိမ်ကိုသန့်ရှင်းအောင်လုပ်ထားမှပေါ့

အသန့်ရှင်းဆုံးပါဆိုတဲ့ အိမ်တွေတောင်မှ အနည်းငယ်ပိုပြီးတော့သာသန့်ရှင်းနိုင်ပါတယ်။ ကလေးလည်းထိန်းတယ်၊ အလုပ်လည်းလုပ်ရတယ်၊ လူမှုရေးလည်းမပြတ်၊ အိမ်သန့်ရှင်းလည်းလုပ်ရတာဟာတကယ့်ကိုပင်ပန်းစေတဲ့ကိစ္စတွေပါ။ အိမ်ဟာပစ္စည်းတွေ အစီစဉ်မကျဖြစ်နေတဲ့အခါ သင်အိမ်ပြန်လာခါနီးသင့်ကလေးက ရှုပ်ပွအောင် ဆော့ထားတာလည်း ဖြစ်နိုင်ပါတယ်။

၆) ငါ့သူငယ်ချင်းရဲ့ဇနီးကဒီလိုမျိုးတွေ လုပ်တတ်တာကွ

မိဘအနေနဲ့ အုပ်ထိန်းမှုစနစ်ကိုမိတ်ဆွေသူငယ်ချင်းတွေ ဆွေမျိုးတွေရဲ့ လုပ်ပုံကိုင်ပုံနဲ့ နှိုင်းယှဉ်ပြောခြင်းဟာမကောင်းတဲ့ကိစ္စတစ်ရပ်ပါပဲ။ ဘယ်သူကတော့ ဒါတွေအားလုံးကိုစီမံခန့်ခွဲနိုင်တဲ့ အကောင်းဆုံးဇနီးပါပဲစသဖြင့် ပြောဆိုခြင်းဟာမကောင်းတဲ့ အချက်ပါပဲ။

Ref : Knowledge : 10 Things You Should Never Say to Your Partner

HtetHtet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top