Dai-ichi Life Insurance Myanmar မှ ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် Dream Train လူငယ်ဖွံ့ဖြိုးရေးစင်တာအား သွားရောက်လှူဒါန်း

Picture-1.jpg

Dai-ichi Life Insurance Myanmar Ltd (Dai-ichi Life) သည် အခက်အခဲများနှင့် ရင်ဆိုင်နေရသော လက်ရှိ ကိုဗစ်-၁၉ ကာလတွင် ၎င်း၏ အာမခံထားရှိသူများ၊ အရောင်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုသာမက မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်း တစ်ရပ်လုံးကိုလည်း ကူညီပံ့ပိုးပေးရန် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ ၎င်း၏ တန်ဖိုးထားရသော “People First” ဟူသည့် ဆောင်ပုဒ်နှင့်အညီ Dai-ichi Life Insurance Myanmar သည် ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေးစင်တာများတွင် လိုအပ်သည့် ပစ္စည်းများ၊ ရေမလို လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်း mask များနှင့် အစားအသောက်များ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

ကိုဗစ် – ၁၉ ကူးစက်ခံရသော လူနာများကို ပြုစုကုသပေးရန်အတွက် မနားမနေ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတုန့်ပြန်သည့်အနေနှင့် Dai-ichi Life မှနေ့လည်စာ ထမင်းဗူး ၂၈၀ ဗူး အား ဝေဘာဂီအထူးကုဆေးရုံကြီး၌ သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် Dai-ichi Life သည် Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေးစင်တာ၌လည်း စာရေးကိရိယာများ၊ ကစားစရာများ၊ နှာခေါင်းစည်း mask များနှင့် ရေမလိုလက်သန့်ဆေးရည်များအား လှူဒါန်းပံ့ပိုးပေးခဲ့သည်။ ယခုကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသော လူနာများကို ကုသပေးသည့် ဆေးရုံများနှင့် ထောင်ပေါင်းများစွာသော ကလေးလူငယ်များအား ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ စောင့်ရှောက်ပျိုးထောင်ပေးသည့် Dream Train (အိပ်မက်လှရထားလေး) ကဲ့သို့ လူငယ်ဖွံ့ဖြိုးရေးစင်တာတို့မှ စတင်ပြီး အခြားသော နေရာကဏ္ဍများစွာတွင်လည်း ကူညီပံ့ပိုးရန် Dai-ichi Life က အသင့်ရှိနေပါသည်။

Dai-ichi Life Insurance Myanmar သည် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်မှလည်း ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းတွင်းနှင့် လုပ်ငန်းပြင်ပတွင်ရှိသူများ၏ ဘေးကင်းလုံခြုံရေးအတွက် အမြဲတစဉ် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အာမခံထားသူများ၊ နိုင်ငံတဝန်းရှိ လူ့အဖွဲ့အစည်းများ နှင့်တကွ တိုင်းပြည်အတွက်ပါ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Dai-ichi Life သည် ၎င်း၏ အာမခံထားရှိသူများနှင့် ထိုသူများ၏ ချစ်ခင်ရသူများကိုပါ ပိုမိုအကာအကွယ်ပေးနိုင်မည့် “People First Fund” အစီအစဉ်ကိုလည်း တိုးချဲ့မတည်ခဲ့သည်။

အဆိုပါ အစီအစဉ်အရ အာမခံထားရှိသူများ၏ မိသားစုဝင်အရင်းအချာတစ်ဦးဦးက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့နှင့် နောက်ပိုင်းကာလများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံတက်ခဲ့ရသည်ရှိသော် မိသားစုဝင်အရင်းအချာနှစ်ဦးအထိ အကျိုးခံစားခွင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် မမျှော်လင့်ပဲ ဆုံးပါးသွားခဲ့ပါကလည်း ထပ်ဆောင်းအကျိုးခံစားခွင့် ပေးအပ်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော Dai-ichi Life သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအား ပံ့ပိုးကူညီပေးနိုင်ရန် အစဉ်တစ်စိုက် ရည်သန်လုပ်ကိုင်လျက်ရှိသည်။ အလားတူပင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအား အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ကာကွယ်တိုက်ဖျက်သွားနိုင်ရန်အတွက်လည်း Dai-ichi Life Insurance Myanmar က ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top