သွေးကြောတွေကို ထိခိုက်စေတဲ့ အလေ့အကျင့်တွေ

7-7-2021-yyl-49.jpg

အကြောရောင်ရမ်းတာကို လူတော်တော်များများ ကြုံတွေ့ရမယ်ထင်ပါတယ်။ အဲဒီလိုဖြစ်တာ အန္တရာယ်တော့မများလှပေမဲ့ ခံရခက်လှပါတယ်။ သွေးကြောတွေမရောင်ရမ်းအောင် အမြဲတမ်းကာကွယ်လို့မရနိုင်ပေမဲ့ သင် တစ်နေ့တာ လုပ်လိုက်တဲ့ တချို့လုပ်ရပ်တွေက သင့်သွေးကြောတွေကို ထိခိုက်စေနိုင်တာပါ။ သွေးကြောရောင်ရမ်းတာမျိုးတွေမဖြစ်ချင်ရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ တစ်နေ့တာ အလေ့အကျင့်တွေကို ရှောင်ကျဉ်ဖို့ လိုပါတယ်။

ခြေထောက်အမွေးရိတ်တာ

ခြေထောက်အမွေးရိတ်တာကို အလောတကြီးလုပ်လေ့ရှိတယ်ဆိုရင် သင့်သွေးကြောတွေအတွက် ငြင်သာမှုရှိရာမရောက်ပါဘူး။ မတော်တဆ သင့်ခြေထောက်မှာ အမွေးရိတ်ဓားရှသွားမယ်ဆိုရင် သွေးထွက်ပြီး သင့်သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးအများစုက ခြေထောက်မွေးရိတ်လေ့ရှိကြပြီး ခြေထောက်ဓားရှတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ခြေထောက်အမွေးရိတ်တဲ့အခါ အလောတကြီးမလုပ်ဘဲ ဓားရှတာမဖြစ်အောင် ဂရုတစိုက်ရိတ်ပေးသင့်ပါတယ်။

ခြေထောက်ချေးချွတ်နှိပ်နယ်ဖို့မေ့တာ

ချေးချွတ်နှိပ်နယ်တာက ခြေသလုံးမှာ သွေးကြောထုံးတာကို မကာကွယ်နိုင်ပေမဲ့ ခြေထောက်ကို ချေးချွတ်ရင်းနဲ့ နှိပ်နယ်ပေးတဲ့နည်းလမ်းကတော့ သေချာပေါက်အကူအညီပေးနိုင်ပါတယ်။ သွေးကြောထုံးတာ၊ အကြောရောင်ရမ်းတာတွေမဖြစ်အောင် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

ကြမ်းတဲ့ဘရက်ချ်ကို အသုံးပြုတာ

ကြမ်းတဲ့ ဘရက်ချ်တွေကို အသုံးပြုမိတာကလည်း သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ကြမ်းတဲ့ဘရက်ချ်တွေကို မကြာခဏအသုံးပြုမိရင် ဘရက်ချ်က အမွေးတွေက အရေပြားမှာ ပြတ်ရှတာတွေဖြစ်စေနိုင်ပါတယ်။ ပြတ်ရှဒဏ်ကြောင့် သွေးထွက်ပြီး သင့်အကြောတွေဆီ ပိုးဝင်လာစေနိုင်ပါတယ်။

သကြားအများကြီးစားသုံးတာ

သကြားက သွေးဖိအားမြှင့်တက်လာစေပြီး သွေးကြောတွေကို ထိခိုက်ပြီး အားနည်းလာစေနိုင်ပါတယ်။ သွေးလွှတ်ကြောမှာ ရောင်ရမ်းတာတွေလည်းဖြစ်နိုင်ပြီး သွေးထုတ်လွှတ်ရတာလည်း ခက်ခဲလာစေပါတယ်။

ခါးပတ်ဝတ်ဆင်တာ

သွေးကြောတုံးတာဖြစ်လေ့ရှိတယ်ဆိုရင် ဖက်ရှင်ရွေးချယ်မှုတချို့ကို ပြန်စဉ်းစားဖို့လိုပါပြီ။ ကျပ်လွန်းတဲ့အဝတ်အစားတွေက အမြင်လှပေမဲ့ သွေးလည်ပတ်မှုကို ကန့်သတ်လိုက်သလိုဖြစ်စေပြီး သင့်ခြေထောက်ကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီ သွေးတွေ စီးဆင်းဖို့ ခက်စေပါတယ်။ ဂျင်းဘောင်းဘီနဲ့ ခါးပတ်ဝတ်ဆင်တာကလည်း သွေးကြောကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရမ်းကျပ်လွန်းတာတွေ မဝတ်ဆင်ပါနဲ့။

ပလက်လန်အိပ်စက်တာ

ပလက်လန််အိပ်စက်တာက မျက်နှာမှာ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပေမဲ့ အကောင်းဆုံးအိပ်စက်တဲ့အနေအထားတော့မဟုတ်ပါဘူး။ သင်က သွေးကြောရောင်ရမ်းတာ၊ သွေးကြောထုံးတာတွေဖြစ်တယ်ဆိုရင် ဘေးတစောင်းအိပ်တာအကောင်ဆုံးပါပဲ။ အဲလိုအိပ်စက်တာက သွေးလည်ပတ်မှုအားကောင်းစေပြီး အကြောတွေမှာ သွေးတွေထုံးသွားမှာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Ref: Daily Habits That May Damage Your Veins

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top