စားသလောက် ဝ မလာတဲ့ လူတွေ

thin-fat.jpg

စာဖတ်သူရဲ့ မိတ်ဆွေတွေထဲမှာ အစားအသောက်တွေ ဘယ်လောက်စားစား ခန္ဓာကိုယ် အရွယ်အစားက ထူးထူးခြားခြား ဝ မလာတဲ့ သူတွေ ရှိမှာပါ။

စာဖတ်သူ ကိုယ်တိုင်တောင် အဲဒီလို လူတွေထဲ ပါချင် ပါနေနိုင်ပါတယ်။ ဘာလို့ ဒီလို ဖြစ်သလဲဆိုတာ လေ့လာကြည့်တဲ့ အခါမှာတော့ အဓိကအကြောင်းအရင်း နှစ်ရပ်ကို တွေ့ရပါတယ်။

၁) ကိုယ်လက် လှုပ်ရှားမှု များနေတာ  – စားသလောက် ဝ မလာတဲ့ သူတချိ့ဟာ အားကစား မလိုက်စားရင်တောင်မှ ကိုယ်လက်လှုပ်ရှားမှု များသူ ၊ တစ်နည်းပြောရရင် အငြိမ်ထိုင်မနေတတ်သူတွေ ဖြစ်ကြပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် အားကစားလုပ်သလို အကျိုးသက်ရောက်မှုတွေ ရပြီး စားသလောက် မဝလာတာပဲ ဖြစ်ပါတယ်။

၂) ကြွက်သားတစ်ရှူးပမာဏ များတာ – ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ကြွက်သားတစ်ရှူးပမာဏတွေ များနေရင် ကယ်လိုရီတွေကို အများအပြား ချေဖျက်နိုင်စွမ်း ရှိပါတယ်။  စားသောက်သမျှက ဖြစ်လာတဲ့ ကယ်လိုရီတွေ ချေဖျက်ခံရတဲ့ အခါ ထူးထူးခြားခြား ဝ လာတော့မှာ မဟုတ်ပါဘူး။

တချို့သူတွေမှာ ဒီအချက်တွေက ဘဝပေးအခြေအနေအရ ရလာတဲ့ ကံကောင်းမှုလို ဖြစ်နေပေမယ့် ကျန်တဲ့ သူတွေအနေနဲ့လည်း ပြုပြင်ယူလို့ ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ အားကစားရုံတွေမှာ သွားပြီး ခန္ဓာကိုယ် ပုံစံကျ လှပလာအောင် လုပ်တာမျိုးမလုပ်နိုင်ရင်တောင်မှ ဓာတ်လှေကားထက် ခြေကျင်တက်ရတဲ့ လှေကားကို ပို သုံးတာ ၊ အိမ်သန့်ရှင်းရေး လုပ်နေတာ စတာတွေ လုပ်နိုင်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားတွေ တည်ဆောက်ဖို့အတွက်တော့ လိုအပ်တဲ့ ကာယလေ့ကျင့်ခန်းတွေ၊ ဒိုက်ထိုးတာတွေ၊ အိပ်ထမတင်လေ့ကျင့်ခန်းတွေပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ အားစိုက်ရ ၊ အချိန်ပေးရပေမယ့် ဒုတိယအချက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ထိုက်တန်တဲ့ ရလဒ်မျိုး ရလာမှာမို့ ကြိုးစားကြည့်ဖို့ ကောင်းပါတယ်။

Ref: Fitday:  “Why Some People Can Eat A Lot and Stay Thin”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top