ကလေးတွေကို ကိုဗစ်အန္တရာယ်ကနေ ဘေးကင်းစေဖို့ ဘယ်လိုဂရုစိုက်မလဲ

7-7-2021-yyl-48.jpg

ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ကလေးငယ်တွေအပါအဝင် အသက်အရွယ်မရွေးကူးစက်ခံနေရတာပါ။ ကိုဗစ်ဒုတိယလှိုင်းတုန်းက ကလေးတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတော်တော်များတာကို တွေ့ခဲ့ရပါတယ်။ အခုတတိယလှိုင်းကလည်း တော်တော်ဆိုးရွားပြီး ကိုဗစ်ကြောင့် အောက်စီဂျင်ပြတ်လပ်ကာ လူကြီးလူငယ်လူရွယ်တွေလည်း တော်တော်သေဆုံးနေရပါတယ်။ ကိုဗစ်ကြောင့် အသက်အရွယ်မရွေးသေဆုံးနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်သင့်သလို ကလေးတွေကိုလည်း ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေကတော့ မသိနားမလည်ကြတဲ့အတွက် ကိုဗစ်အန္တရာယ်ကနေ ဘေးကင်းဖို့အတွက် မိဘတွေက သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ဒီဆောင်းပါးကနေ မျှဝေပေးလိုက်ရပါတယ်။

ရောဂါကူးစက်နိုင်ခြေအကြောင်း ကလေးသိအောင်လုပ်ပါ

ကိုဗစ် ၁၉ ကြောင့် လူအသက်ပေါင်းများစွာ သေဆုံးနေရပြီး ဗိုင်းရပ်စ်မျိုးကွဲအသစ်တွေလည်း ထပ်မံပေါ်ပေါက်လာနေပါတယ်။ ဒါကြောင့် သင့်ကလေးတွေကို ကပ်ရောဂါအကြောင်း သိသွားအောင်၊ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အသိတွေလည်း ရှိသွားအောင် ပြောပြပေးဖို့ အရေးကြီးပါတယ်။ ဒီနည်းက သင့်ကလေးကို ကိုဗစ်အန္တရာယ်ကနေ ဘေးကင်းစေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ကလေးတွေကို အရာဝတ္ထုမှန်သမျှကို ထိခွင့်မပြုပါနဲ့

ကိုရိုနာဗိုင်းရပ်စ်ဟာ မသန့်ရှင်းတဲ့နေရာတွေကို ထိတွေ့တာကနေလည်း ကူးစက်ပျံ့နှံ့နိုင်တာကြောင့် ကလေးတွေကို တတ်နိုင်သမျှ အရာဝတ္ထုတွေကို မထိမိအောင် ကလေးတွေကို ဂရုစိုက်ပေးပါ။ ကလေးတွေကို အရာဝတ္ထုမှန်သမျှထိဖို့လည်း ခွင့်မပြုထားပါနဲ့။ အခုကာလအတွင်းမှာ ကလေးတွေရဲ့လှုပ်ရှားမှုကို အနီးကပ်ကြည့်ရှုပေးဖို့အရေးကြီးပါတယ်။ ဒါမှ ကိုဗစ်ကူးစက်မှုကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

လက်သန့်ဆေးရည်အသုံးပြုတဲ့အကျင့်လုပ်ပေးပါ

လက်ဆေးတတ်တဲ့အကျင့်အပြင် လက်သန့်ဆေးရည်သုံးတတ်အောင်လည်း သင့်ကလေးတွေကို သင်ပေးထားပါ။ အိမ်မှာ ရှိနေတဲ့အချိန်မှာတော့ လက်ဆေးခိုင်းပြီး သင့်နဲ့အတူ အပြင်ထွက်တဲ့အချိန်မှာ လက်သန့်ဆေးရည်သုံးတတ်အောင် သင်ပေးထားသင့်ပါတယ်။ ကလေးတွေက မသန့်ရှင်းတဲ့နေရာတွေကို ထိကိုင်တတ်တဲ့အကျင့်ရှိတဲ့အတွက် ရောဂါကူးစက်နိုင်ခြေများပါတယ်။ အဲဒီအန္တရာယ်ကနေ ရှောင်ရှားဖို့အတွက် ကလေးတွေကို လက်ဆေးတတ်တဲ့အကျင့်၊ လက်သန့်ဆေးရည်အသုံးပြုတတ်တဲ့အကျင့်ရှိအောင် ပြောပြသင်ကြားပေးရမှာဖြစ်ပါတယ်။

လူစုလူဝေးများတဲ့နေရာတွေကို ရှောင်ပါ။ Mask တပ်ပါ

အခုလိုကာလမှာ အိမ်မှာ နေတာက ကိုဗစ်ကူးစက်နိုင်ခြေကို ရှောင်ရှားနိုင်တဲ့ အကောင်းဆုံးနည်းပါပဲ။ မလွဲသာလို့ ကလေးနဲ့အတူ အပြင်ထက်ရမှာဆိုရင် လူစုလူဝေးများတဲ့နေရာတွေကို ရှောင်ပြီး ကလေးကို Mask သေချာတပ်ပေးပါ။

ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေးမရခင်ထိ အပြင်ခေါ်တာကို ရှောင်ပါ

ကပ်ရောဂါက ဖြစ်ပွားနေတာ တတိယလှိုင်းအထိ ဖြစ်နေပါပြီ။ ကိုဗစ်ကာကွယ်ဆေးက ကလေးတွေ သုံးဖို့ အရည်အသွေးမပြည့်မီသေးတဲ့အတွက် အခုကာလမှာ ဖြစ်နိုင်ရင် ကလေးတွေကို အပြင်ခေါ်မသွားပါနဲ့။ ကလေးတွေ ရောဂါအန္တရာယ်ကနေ ဘေးကင်းစေဖို့အတွက် ကလေးတွေ အပြင်မထွက်အောင် ဖျောင်းဖျပြောဆိုပေးပါ။ ကလေးတွေကို အပြင်ကို ထွက်ပြီးလည်း မကစားစေပါနဲ့။

Ref: Here’s how you can keep them safe from COVID-19
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top