ရခိုင်ပြည်နယ်က ကမ်းခြေတစ်ခုအနီး သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ရာမှာ လူတချို့ပျောက်ဆုံးနေ

52094069_10211150879688005_4941435143349862400_n.jpg

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ ဇီးတောကမ်းခြေအနီးမှာ ဒီနေ့မနက် ၄ နာရီကျော်လောက်က လူ ၂၅ ဦး လိုက်ပါလာတဲ့“ဆင်ပြောင်” အမည်ရှိသင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့တယ်လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်အထိတော့ လူ ၇ ဦးကိုကယ်တင်ထားနိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးတဲ့သူတွေကိုလည်း ဆက်ပြီးရှာဖွေနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ကပြောကြားထားပါတယ်။

Ref: Rakhine Fire Force Facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top